ဖေဖော်ဝါရီနဲ့ မတ်လမှာ အားအကောင်းဆုံးဖြစ်လာနိုင်တဲ့ ၂၀၂၄ အယ်လ်နီညို
၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အယ်လ်နီညိုသည် အားအကောင်းဆုံးအခြေအနေသို့ရောက်ရှိနေကြောင်း၊ အယ်လ်နီညိုဖြစ်ပေါ်မှုအားဆန့်ကျင်သည့် အိန္ဒိယသမုဒ္ဒရာမှ အိုင်အိုဒီဖြစ်စဉ်သည် အားလျော့လာနေပြီး ဖေဖော်ဝါရီလအတွင်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနိုင်မည်လို့ ကြိုတင်ခန့်မှန်းရေး model များ၊ အမေရိကန်အခြေစိုက်-အမျိုးသားမိုးလေဝသဌာန(NOAA - National Weather Service)နဲ့ ဩစတေးလျမိုးလေဝသဌာနထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
အယ်လ်နီညိုက ဘယ်အချိန်ကာလအထိ ဆက်ဖြစ်နိုင်မလဲ?
လက်ရှိအချိန်မှာ Madden -Jullian Oscillation(MJO)က ဆက်လက်အသက်ဝင်နေကာ၊ အိန္ဒိယသမုဒ္ဒရာရဲ့ အိုင်အိုဒီ(Positive Indian Ocean Dipole) ကလည်း ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရဲ့ အထက်လေထုလွှာများအတွင်း အနောက်လေစီးကြောင်းတိုက်ခတ်တဲ့ ဧရိယာသည် ကျယ်ပြန့်အားကောင်းနေပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ အထက်လေထုလွှာများအတွင်းက အရှေ့လေစီးကြောင်းအားကောင်းလာပြီး ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ မုတ်သုံကာလ-မုန်တိုင်းရာသီစတင်ဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာတော့ နောက်လာမဲ့ ရက်ပေါင်း ၄၀ ကျော်(ဖေဖော်ဝါရီလအကုန်-မတ်လအတွင်း)နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာတော့မှာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အယ်လ်နီညိုက ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ အားအကောင်းဆုံးဖြစ်နိုင်ပေမဲ့ မှတ်တမ်းတွေအရတော့ အားအကောင်းဆုံးအယ်လ်နီညိုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ၂၀၁၅ အယ်လ်နီညိုလောက်တော့ အားပြင်းမှာမဟုတ်ကြောင်း၊ "အားကောင်းတဲ့အယ်လ်နီညိုအဆင့်"အထိတော့ ရောက်နိုင်ကြောင်း ခန့်မှန်းရပါတယ်။ မြောက်ကမ္ဘာခြမ်းမှာတော့ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ နဲ့ ဇွန်လတွေအထိ အယ်လ်နီညိုဆက်လက်ဖြစ်ပေါ်နေနိုင်ချေနဲ့ အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ်သည့် ပုံမှန်(Neutral)အခြေအနေကိုပြန်လည်ရောက်ရှိနိုင်ချေ ၆၀% ရှိကြောင်းတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်-ဩဂုတ်နဲ့ စက်တင်ဘာလများအတွင်း လာနီညာဖြစ်နိုင်ချေ ၅၀% အထိရှိလာပြီး လာနီညာဖြစ်နိုင်မဲ့ အခြေအနေကိုစောင့်ကြည့်ကြရပါဦးမယ်။

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ပင်လယ်ရေမျက်နှာပြင်အပူချိန်အခြေအနေ ကြိုတင်ခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ၂ လ အတွင်း ၀.၅ °C မှ ၁ °C အထိ ပိုနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ မြောက်ပိုင်းရဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန်ကတော့ မြောက်ဘက်က လေအေးတွေစီးဆင်းတိုက်ခတ်နေတာကြောင့် ၀.၅ °C မှ ၁ °C အောက်လျော့နည်းနေကြောင်းတွေ့ရပါတယ်။
၂၀၂၄ ခုနှစ် မတ်လ၊ ဧပြီလနဲ့ မေလတွေမှာ မြောက်ဘက်က လေအေးများတိုက်နေမှု တဖြည်းဖြည်းလျော့နည်းလာပြီး ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးနဲ့ ကပ္ပလီပင်လယ်ရေမျက်နှာပြင်အပူချိန်တွေလည်း ပြန်လည်မြင့်တက်လာတော့မှာဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေအရ အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်း(ဘင်္ဂလားပင်လယ်အော်၊ အာရေဗျပင်လယ်နဲ့ ကပ္ပလီပင်လယ်တွေမှာ) ရေမျက်နှာပြင်အပူချိန်နဲ့ နေ့အပူချိန်တွေက မေလအတွင်းမှာ နှစ်စဉ်ဖြစ်မြဲထက် ၁ °C မှ ၁.၅ °C အထိပိုလာနိုင်ကြောင်းတွေ့ရပါတယ်။

မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မည့် အယ်လ်နီညိုအခြေအနေနှင့် မုတ်သုံရာသီ(မိုးရာသီ)အခြေအနေကြိုတင်ခန့်မှန်း
သင်္ချာပုံစံကြိုတင်ခန့်မှန်းရေး model များနဲ့ ကမ္ဘာ့ရာသီဥတုအခြေအနေစောင့်ကြည့်လေ့လာသူများရဲ့ သုံးသပ်ချက်တွေအရ ၂၀၂၄ အယ်လ်နီညိုက အားတော့ကောင်းမယ်၊ ၂၀၁၅ အယ်လ်နီညိုလောက်တော့ အားပြင်းမှာမဟုတ်ပါ။ ၂၀၁၅ အယ်လ်နီညိုက အားအလွန်ကောင်းတဲ့အဆင့်ရောက်ခဲ့ပြီး၊ ၂၀၂၄ အယ်လ်နီညိုကတော့ အားကောင်းတဲ့အဆင့်အထိသာရောက်နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာတော့ ဧပြီလအကုန်လောက်က စပြီး နေ့အပူချိန်တွေပြန်လည်ကျဆင်းကာ မိုးဦးကျချိန်ကို ရောက်လာနိုင်ပါမယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တွေအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာတော့ ၂၀၂၄ ခုနှစ်၊ မတ်-ဧပြီနဲ့ မေလတွေမှာ ပျမ်းမျှအမြင့်ဆုံးအပူချိန်တွေဟာ ၃၅ °C မှ ၄၀ °C အထက်အထိဆက်လက်ရှိနေနိုင်ပြီး၊ အနောက်တောင်မုတ်သုံအဝင်အနည်းငယ်နောက်ကျနိုင်ကာ မိုးဦးကာလထက် မိုးလယ်နဲ့ မိုးနှောင်းကာလတွေမှာ မိုးပိုကောင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။
အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ ရေရှားပါးမဲ့အခြေအနေနဲ့ နိုင်ငံအနှံ့မီးဘေးအန္တရာယ်ဖြစ်နိုင်ချေတွေ မြင့်တက်လာနိုင်တာ၊ မိုးဦးကျကာလမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေမြင့်တက်နေတာကြောင့် ပင်လယ်မှာဖြစ်လာနိုင်တဲ့ မိုးဦးကျမုန်တိုင်းတွေက အားကောင်းတတ်တာ၊ မုန်တိုင်းအရှိန်ကြောင့် နေရာကွက်ပြီးမိုးသည်းထန်တာကြောင့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေလဲ ဖြစ်လာနိုင်တာကို သတိချပ်ကြရပါမယ်။
၂၀၂၄ ခုနှစ်၊ နွေရာသီနဲ့ မိုးဦးကျကာလတွေမှာ ဖြစ်လာနိုင်မဲ့ မိုးလေဝသအခြေအနေတွေကို ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရင်တွေ့သလို လုံလောက်တဲ့ ပြင်ဆင်ချိန်များရရှိနိုင်အောင် ကြိုတင်-တင်ပြပေးသွားမှာကြောင့် မိုးလေဝသဌာနများရဲ့ မိုးလေဝသအခြေအနေတင်ပြချက်များကိုလည်း ဂရုစိုက်ကြစေချင်ပါတယ်။
Photo _ ဦးဝင်းနိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026