မုတ်သုံဆုတ်ခွာမယ့် အရိပ်အယောင်တွေ ပြနေပြီလား?
ယနေ့ (၁၄.၉.၂၃) မနက် ထိုင်းမိုးလေဝသဌာန(TMD)ကရတဲ့ မြေပြင်မိုးလေဝသ chart မှာတော့ အမြင့်ပေ ၅၀၀၀ အထက်မှာ အရှေ့လေတွေ လေဖိအားများရပ်ဝန်းကြီးကတဆင့် တိုက်နေပြီဆိုတာတွေ့ရပါတယ်။
WINDY APP ရဲ့ ECMWF, ICON နဲ့ GFS model တွေရဲ့ အထက်လေစီးကြောင်းအခြေအနေတွေကလည်း နီပေါလ်နိုင်ငံနဲ့ ဘူတန်နိုင်ငံမြောက်ဘက် တိဗက်ကုန်းမြင့်ဒေသကြီးမှာ ပေ ၃၅,၀၀၀ အထိ အရှေ့ဘက်ကနေပြီး လေအေးစီးကြောင်းတွေတိုက်နေကြောင်း Sounding Forecast မှာပါ တွေ့နေရတယ်။
ဒီအခြေအနေတွေဖြစ်နေပြီဆိုရင်တော့ မကြာခင် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွေက အနောက်တောင်မုတ်သုံလေဆုတ်ခွာတော့မဲ့ အရိပ်အယောင်တွေ့နေရပြီ။
အိန္ဒိယမိုးလေဝသဌာနကတော့ နိုင်ငံအရှေ့မြောက်ပိုင်းက မုတ်သုံဆုတ်ခွာတာ စက်တင်ဘာ ၁၇ ရက်ဝန်းကျင်လောက်ဖြစ်နိုင်ကြောင်းခန့်မှန်းပါတယ်။ သူတို့ဆီမှာတော့ ပုံမှန်ပဲဆုတ်ခွာနိုင်မယ်လို့ သုံးသပ်ထားတာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ်က မုတ်သုံပုံမှန်ဆုတ်ခွာရက်(အနီရောင်) နှင့် အမှန်တကယ်ဆုတ်ခွာသည့်ရက်(အပြာရောင်)
မြန်မာနိုင်ငံမှာတော့ စက်တင်ဘာလ ၂၀ ရက်ဝန်းကျင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်တန်းတစ်ခုထပ်ဖြစ်ပြီးတဲ့အခါ မြောက်ဘက်ဒေသတွေက အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာတော့မယ်လို့ ခန့်မှန်းရပါတယ်။
တကယ်လို့ စက်တင်ဘာလကုန်၊ အောင်တိုဘာလမဆန်းခင် မုတ်သုံဆုတ်ခွာမယ်ဆိုရင် ပုံမှန်ထက် တစ်ပတ်/ ဆယ်ရက်လောက်လောက်စောပြီးထွက်မယ်။ မိုးလွန်ကာလရက် ပိုရှည်မယ်။
စက်တင်ဘာလနဲ့ နိုဝင်ဘာလကုန်အထိ မိုးလွန်ကာလမိုးဟာ အရှေ့ဘက်ကဝင်လာတဲ့ လေပွေလှိုင်းတွေနဲ့ မုန်တိုင်းအကြွင်းအကျန်တွေကြောင့် ရွာနိုင်ပါမယ်။
ဒီမိုးတွေကတော့ ဖျက်မိုးတွေဖြစ်လာနိုင်တာကြောင့် တောင်သူများသတိပြုနိုင်ကြရန် အသိပေးတင်ပြလိုက်ပါတယ်။
Photo - ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ခန့်မင်းသူ
လွန်ခဲ့သော ၃ နှစ် ကမိုးကဘယ်လမာ ကုန်ဖို့အခြေနေလဲ
ခန့်မင်းသူ
လွန်ခဲ့သော ၃ နှစ် ကဆရာရေ ကျေးဇူးပါ
zin myo
လွန်ခဲ့သော ၃ နှစ် ကနိုဝင်ဘာလဆန်းမှာမိုးရွာနိုင်သေးတယ်လားဗျ ပဲခူးအနောက်
ဦးဝင်းနိုင်
လွန်ခဲ့သော ၃ နှစ် ကမလှလှစန်း - ဒီနှစ်က အယ်လ်နီညိုနှစ်လို့ ကြိုတင်ခန့်မှန်းထားပြီး ပြီးခဲ့တဲ့ ၃ ၄ လ လောက်ကတည်းက အပူချိန်တွေက နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် မြင့်နေပါတယ်။ ဒီဇင်ဘာလမှာလဲ ပုံမှန်အပူချိန်ထက် ပိုမြင့်နေဦးမယ်လို့ပဲ ခန့်မှန်းပါတယ်။
မလှလှစန်း
လွန်ခဲ့သော ၃ နှစ် ကဆရာရေ ဒီဇင်ဘာလ အေးနိင်သလား သိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026