လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် ဒေသများ
ဧပြီလ ၅ ရက် နေ့လည် ၁၂ နာရီမှာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်များတွင် တိမ်ထူထပ်လာတာတွေ့ရပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၁.၃ ကီလိုမီတာအမြင့်မှာ လေဝဲစီးကြောင်း(လေပွေလှိုင်း)တခု ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနက ကြေညာချက်လည်းရှိနေပါတယ်။
ဘင်္ဂလားပင်လယ်အော်တွင် သိသာထင်ရှားသည့် လေဖိအားနည်းရပ်ဝန်းတခု ဧပြီလ ၆ ရက်/၇ ရက်နေ့များမှာ ဖြစ်ပေါ်နိုင်ကြောင်း Global Forecast model များမှ ခန့်မှန်းထားသည်ကို တွေ့ရပါတယ်။
၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ ကိုတင်ပြရရင်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေပွေလှိုင်းကြောင့်
⛈ နောက်လာမည့် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း-ထားဝယ်မြို့- အထက်ဘက်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးများနိုင် (၂၄ နာရီအတွင်း ၄၀ မီလီမီတာအထက် - ၁.၆ လက်မ ခန့်) ရွာသွန်းနိုင်ပါမယ်။
⛈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း METEOBLUE NEMS-GLOBAL Model မှ ကြိုတင်ခန့်မှန်းထားပါတယ်။
ခန့်မှန်းမိုးရေချိန် (၂၄ နာရီအတွင်း ၅ မီလီမီတာခန့် - ၀.၂ လက်မခန့်အထိ)ရွာသွန်းနိုင်ပါမယ်။

ငလျင်ကတော့ မတ်လ ၂၈ ရက်နေ့တွင် ၇.၇ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက် ယနေ့ ဧပြီလ ၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အထိ နောက်ဆက်တွဲငလျင်လှုပ်ပြီးသည့် အကြိမ်ရေ ... ၃၆၄ ကြိမ်ရှိပြီဖြစ်ပါတယ်။
နောက်ဆက်တွဲငလျင်လှုပ်ခတ်ခြင်း ၃၆၄ ကြိမ်အတွင်းတွင် ပြင်းအား ၅ နှင့် အထက် လှုပ်ခတ်သည့်အကြိမ်ရေ ၁၀ ကြိမ်မပြည့်ပါ။
(၁) မတ်လ ၂၈ ရက် ငလျင်ကြီး လှုပ်ပြီးချိန် ၁၂ နာရီ ၅၀ မှ ၂၉ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၉၀ ကြိမ်
(၂) မတ်လ ၂၉ ရက် နံနက် ၆ နာရီမှ မှ ၃၀ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၈၃ ကြိမ်
(၃) မတ်လ ၃၀ ရက် နံနက် ၆ နာရီမှ မှ ၃၁ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၅၄ ကြိမ်
(၄) မတ်လ ၃၁ ရက် နံနက် ၆ နာရီမှ မှ ဧပြီလ ၁ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၃၇ ကြိမ်
(၅) ဧပြီလ ၁ ရက် နံနက် ၆ နာရီမှ ဧပြီ ၂ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၃၀ ကြိမ်
(၆) ဧပြီလ ၂ ရက် နံနက် ၆ နာရီမှ ဧပြီ ၃ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၅ ကြိမ်
(၇) ဧပြီလ ၃ ရက် နံနက် ၆ နာရီမှ ဧပြီ ၄ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၅ ကြိမ်
(၈) ဧပြီလ ၄ ရက် နံနက် ၆ နာရီမှ ဧပြီ ၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၀ ကြိမ်ပဲ ဖြစ်တယ်လို့ ဆရာဦးဝင်းနိုင်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko win
လွန်ခဲ့သော ၁ နှစ် ကစစ်ကိုင်းတိုင်းကမုံရွာမီုးရွာမှာလား
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....