YAGI ဟာ ယနေ့မှာ အားအကောင်းဆုံး CAT-4 တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာမယ်လို့ TSR မှာ တွေ့ရ
စက်တင်ဘာလ ၄ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန် ရရှိသည့်ဒေတာများအရ
🔸 တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း YAGI သည် မနက်ဖန် စက်တင်ဘာလ ၅ ရက် မြန်မာအချိန် ည ၆ နာရီကျော်တဲ့အခါ အားအကောင်းဆုံး CAT-4 တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာမယ်လို့ TSR(Tropical Storm Risk)မှာ တွေ့ရပါတယ်။
🔸 မူလကြိုတင်ခန့်မှန်းလမ်းကြောင်းအတိုင်း ဟိုင်နန်ကျွန်းမြောက်ဘက်အစွန်(QIONGZHOU - ရေလက်ကြား)ကို CAT-4 တိုင်ဖွန်းမုန်တိုင်းအဖြစ် ဖြတ်သန်းပြီး ဗီယက်နမ်ကမ်းခြေဘက်ကို BEIBU ပင်လယ်ကွေ့(BEIBU GULF)အား ဖြတ်ကျော်ရွေ့လျားစဉ် CAT-1 တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားနိုင်ကြောင်း တွေ့ရပါတယ်။
🔸 ဆက်လက်ပြီး စက်တင်ဘာ ၇ ရက် ညပိုင်းမှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို HALONG နဲ့ CAMPHA မြို့များအနီးမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ တွေ့ရပါတယ်။ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်း တနာရီ ၈၅ မိုင် အထိ ရှိနိုင်ကြောင်းတွေ့ရပါတယ်။
🔸 ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် စက်တင်ဘာလ ၈ ရက်နေ့မှာ ကုန်းတွင်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း အားလျော့သွားပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း -
🔸 လာအိုနိုင်ငံနဲ့ ရွှေတြိဂံဒေသ၊ မြန်မာနိုင်ငံအရှေ့ပိုင်းမှတဆင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းကို စက်တင်ဘာလ ၁၁ ရက်နေ့ မှာရောက်ရှိပြီးနောက်မှ လုံးဝ အားပျော့ပျက်ပြယ်သွားမယ်လို့ ECMWF ကြိုတင်ခန့်မှန်း လမ်းကြောင်းမှာ တွေ့ရပါတယ်။
🔸 ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြင့်ဖြစ်စေ လေပွေလှိုင်းတခုအနေနှင့်ဖြစ်စေ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကတော့ မြန်မာနိုင်ငံကိုဖြတ်သန်းသွားပြီး အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိရောက်နိုင်မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံအတွင်းမှာ စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့အထိ နိုင်ငံအနှံ့ မိုးရွာပြီး ဒေသအချို့(ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသအချို့)မှာနေရာကွက်၍ မိုးသည်းထန်နိုင်၊ မိုးများနိုင်ပါမယ်။
🔸 ရေနှင့်ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ်များဖြစ်လေ့ရှိသောဒေသများမှာတော့ "စက်တင်ဘာလ ၇ ရက် မှ ၁၂ ရက်အတွင်း" အထူးသတိပြုကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။
ယနေ့၁၀ နာရီခွဲအချိန်ရရှိသည့်ဒေတာအရလည်း မုန်တိုင်းများ ဆန်းစစ်အတည်ပြုခြင်းအချက်အလက်များအရ လမ်းကြောင်းပြောင်းလဲမှု မရှိပါ။
ဟိုင်နန်ကျွန်းမြောက်ဘက်အစွန်(QIONGZHOU - ရေလက်ကြား)ကို CAT-4 တိုင်ဖွန်းမုန်တိုင်းအဖြစ် ဖြတ်သန်းပြီးနောက်
ဗီယက်နမ်ကမ်းခြေဘက်ကို BEIBU ပင်လယ်ကွေ့(BEIBU GULF)အား ဖြတ်ကျော်ရွေ့လျားစဉ် CAT-2 တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားနိုင်ကြောင်း
(တိုင်ဖွန်းမုန်တိုင်း CATEGORIES CAT နံပါတ်များအလိုက် လေတိုက်နှုန်းကို TSR Update တွင် ကြည့်ပါ)

ကုန်းတွင်းဝင်ရောက်ပြီးနောက် လာအိုနိုင်ငံမြောက်ပိုင်းသို့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်သန်းစဉ် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့၌ မိုးအလွန်များနိုင်ကြောင်း ECMWF ကြိုတင်ခန့်မှန်းချက်တွင် တွေ့ရပြီး
မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များနဲ့ လေပွေလှိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အတွင်း နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။
"မုန်တိုင်းများကြိုတင်ခန့်မှန်းခြင်းနှင့် ဆန်းစစ်အတည်ပြုခြင်း" လေ့လာရန် - https://www.mmweather.org/cyclone-prediction-verification
မုန်တိုင်း YAGI အကြွင်းအကျန်ဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဖြစ်တဲ့ အညာဒေသ(မိုးနည်းရေရှားဒေသများ)မှာ မိုးအလွန်များနိုင်တဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့်
🔸 တောင်ကျချောင်းရေကျဆင်းနိုင်ချေရှိတဲ့ ဒေသတွေရော၊ ဆည်တမံများရော အထူးသတိထားကြရန်လိုပါမယ်။
🔸 မုန်တိုင်းအကြွင်းအကျန်များ ဖြတ်သန်းနိုင်မဲ့ လမ်းကြောင်း ကြိုတင်ခန့်မှန်းချက် update ကိုလည်း စောင့်ကြည့်အသိပေးနေပါ့မယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....