"ရေနှင့်ပတ်သက်သောသဘာဝဘေးများ"ကို ဆက်လက်လေ့လာခြင်း
ကချင်ပြည်နယ်အထက်ပိုင်း မေခနဲ့ မလိခ မြစ်၂ သွယ်ထဲက ချီဖွေနဲ့ မချမ်းဘော၊ မြစ်ဆုံအောက်ဘက်က မြစ်ကြီးနားမြို့တို့ရဲ့ ၂၀၀၄ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် ဇွန်-ဇူလိုင်လအတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန်အခြေအနေတွေကို လေ့လာကြည့်တဲ့အခါ -
🔸 ချီဖွေမှာ ၂၀၀၄ ခုနှစ်ဇွန်-ဇူလိုင် လများအတွင်း ၂၄ နာရီမိုးရေချိန် ၃၄၀ မီလီမီတာခန့်အထိ အများဆုံးရွာသွန်းခဲ့တာတွေ့ရပြီး၊ ၂၀၂၄ ဇွန် ဇူလိုင် လအတွင်းမှာ မိုးရေချိန် မီလီမီတာ ၁၂၀ ကျော်ခန့် ရွာသွန်းခဲ့ပြီး ဖြစ်ကြောင်းတွေ့ရပါတယ်။
🔸 မချမ်းဘောမှာ ၂၀၀၄ ခုနှစ် ဇွန်-ဇူလိုင် လများအတွင်း ၂၄ နာရီ မိုးရေချိန် မီလီမီတာ ၂၄၀ ကျော်ရွာသွန်းခဲ့ပြီး ၂၀၂၄ ဇွန်-ဇူလိုင်လများအတွင်း မီလီမီတာ ၁၀၀ မပြည့်သေးကြောင်းတွေ့ရပါတယ်။
🔸 မြစ်ကြီးနားမြို့မှာတော့ ၂၀၀၄ ခုနှစ် ဇွန်ဇူလိုင်လများအတွင်း မိုးရေချိန် မီလီမီတာ ၁၅၀ ကျော်ရွာသွန်းခဲ့ပြီး၊ ၂၀၂၄ ဇွန်ဇူလိုင်လအတွင်းမှာ ၄၀ မီလီမီတာခန့်သာ အများဆုံးရွာသွန်းခဲ့တာတွေ့ရပါသေးတယ်။


🔸 ဇူလိုင်လက အခုမှ ၁၀ ရက်သာရှိသေးတာကြောင့် ကျန်နေသေးတဲ့ ရက် ၂၀ အတွင်းမှာ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ဘက်က ဖြစ်လာမဲ့ လေထုမငြိမ်မသက်မှုများကြောင့် အခုမြို့တွေဆီ မိုးရေချိန်အများဆုံးရွာမဲ့ရက် ဘယ်ရက်ဖြစ်မလဲ ဘယ်လောက်များမလဲဆိုတာ စောင့်ကြည့်ကြရပါမယ်။
ဘာကြောင့်လဲဆိုတော့ ရေနဲ့ပတ်သက်တဲ့သဘာဝဘေးများသည့် ကြောက်စရာကောင်းပါတယ်။ ရေကြီးတာတွေက ရက်ရှည်တတ်ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလိုက်လာနိုင်ပါဦးမယ်။
ဒါကြောင့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေ -
🔸 ဖြစ်ရတဲ့အကြောင်းရင်း သိရပါမယ်၊ သိအောင်လုပ်ဖို့လိုပါတယ်။
🔸 ဖြစ်တတ်တဲ့ အချိန် သိရပါမယ်။ သိအောင်လည်း လုပ်ဖို့လိုပါတယ်။
ဒါ့အပြင် ယနေ့နံနက်၁၀ နာရီ ၂၅ မိနစ်အချိန်ရရှိသော Update ဒေတာများအရ ဇွန်လ ၁၅ ရက်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး တောင်တရုတ်ပင်လယ်မှာတော့ မုန်တိုင်းအဆင့်အထိ ရောက်လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ နောက်လာမဲ့ ၃ ရက် ၊ ၅ ရက် နဲ့ ၁၀ ရက်အတွင်း နေရာအနှံ့အပြားမိုးရွာနိုင်ကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
မြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရေဝင်လျက်ရှိတဲ့ မြစ်/ချောင်းကမ်းဘေးဒေသများ သတိပြုကြိုတင်ပြင်ဆင်နိုင်ရန်ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
win ko thu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....