လာအိုက တိုင်ဖွန်း KAJIKI ကြောင့် မြန်မာနိုင်ငံပေါ်သက်ရောက်မှုများနှင့် မြူဆိုင်းသတိပေးချက်
ဩဂုတ်လ ၂၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ရရှိသည့် ဒေတာများအရ လာအိုနိုင်ငံပေါ်ကိုရောက်လာတဲ့ တိုင်ဖွန်း KAJIKI သည် လေဖိအားနည်းရပ်ဝန်းအဆင့်အထိ လျော့ကျသွားပြီး နောက် ၂၄ နာရီအတွင်းမှာ လေပွေလှိုင်းအဆင့်လောက်သာကျန်ပါတော့မယ်။
မုန်တိုင်းအကြွင်းအကျန်များက မြန်မာနိုင်ငံအရှေ့ဘက်မှ ရှမ်းပြည်နယ်-အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတွေကိုဖြတ်သန်းပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့လျားဝင်ရောက်နိုင်တာ တွေ့ရပါတယ်။
လာအိုနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ပါလာတဲ့ မိုးရေတော်တော်များများရွာခဲ့ပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ မူလကြိုတင်ခန့်မှန်းချက်များလောက် မိုးရေချိန်မများနိုင်တော့ကြောင်း၊ ၂၄ နာရီအတွင်း မိုးရေချိန် အများဆုံး ၃ လက်မ နဲ့ ၅ လက်မအောက်သာရွာနိုင်မှာဖြစ်ကြောင်း တွေ့ရပါတယ်။

နေရာကွက်ပြီး တောင်ကြောတွေပေါ်မှာ မိုးသည်းထန်နိုင်တာကိုတော့ တောင်ကျရေကျဆင်းနိုင်တာ၊ ရုတ်ခြည်းရေကြီးနိုင်တာတွေရှိတဲ့အတွက် သတိထားကြရပါမယ်။
၂၀၂၄ YAGI အကြွင်းအကျန်တွေလိုတော့ မိုးအလွန်များတာ(၂၄ နာရီ မိုးရေချိန် ၅ လက်မ မှ ၈ လက်မအထက်ရွာသွန်းနိုင်တာ)မရှိတော့တဲ့အတွက် စိုးရိမ်စိတ်တွေကို လျှော့ချလို့ရပါပြီ။
ဩဂုတ်လ ၂၉ ရက်နောက်ပိုင်း၊ စက်တင်ဘာလ ပထမပတ်ထဲအထိ အရှေ့နဲ့အနောက်ပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေဆက်လက်ဖြစ်ပေါ်နေနိုင်သေးတာကြောင့် -
အနောက်တောင်မုတ်သုံလေဆုတ်ခွာချိန် အောက်တိုဘာလလယ်လောက်အထိ မိုးနှောင်းကာလမိုးတွေက ဆက်ရွာနေပါဦးမယ်။
မြူဆိုင်းနိုင်မည့် အခြေအနေသတိပေးချက်
⚠️ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းမှာ ဩဂုတ် ၂၈ ရက်နေ့မနက်ပိုင်းတွင် မြူဆိုင်းနိုင်မည့်အခြေအနေ FOG WEATHER CONDITION ဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်ရှိနေတာကြောင့် -
⚠️ ၂၈ ရက်နံနက်ပိုင်း ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ငမိုးရိပ်ချောင်း၊ ပဲခူးမြစ်များအတွင်းမှ လှေ၊ သမ္ဗါန်၊ သင်္ဘောများ သတိပြုခုတ်မောင်းကြပါရန် သတိပေးချင်ပါတယ်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ရင်ရင်
လွန်ခဲ့သော ၁ နှစ် ကဟုတ်ကဲ့ ထူးခြားဖြစ်စဉ်တွေရှိရင် ကျွမ်မတို့ ဆောင်းပါးတင်ပါ့မယ်ရှင့်။ နေံစဉ် ခန့်မှန်းချက်တွေကတော့ app ထဲ မှာ ကြည့်လို့ ရပါတယ်ရှင်။
Oo Tjaw Tar Min Lwin
လွန်ခဲ့သော ၁ နှစ် ကတနာသာ်ရီတိုင်းမှာမိုးလေဝသအခြေအနေလေးတွေရှိပါက ဖြေကြားပေးပါဆရာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....