မေလ ၂၃-၂၄-၂၅ -၂၆ ရက်နေ့များတွင် မုန်တိုင်းအရှိန်သက်ရောက်မှုဖြစ်နိုင်ချေများ
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာကျွန်းနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းအစွန်မှာဖြစ်နေတဲ့ မြေပြင်အထက်အမြင့် ၄.၂ ကီလိမီတာမှ အစပျိုးလေဖိအားနည်ရပ်ဝန်း(CYCLONIC CIRCULATION)ဟာ အရှေ့ဘက်ကိုဖြည်းညှင်းစွာရွေ့လျားလျက်ရှိပြီး မေလ ၂၀ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းပင်လယ်ပြင်ကို ရောက်ရှိလာနိုင်ပါမယ်။
🔸 ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအထိ အရှေ့-အရှေ့မြောက်ဘက်သို့ မေလ ၂၄ ရက် ညပိုင်းအထိ ဆက်လက်ရွေ့လျားပြီး၊ မေလ ၂၄ ရက် နံနက်ပိုင်းမှာ မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ အဲ့ဒီအချိန်မှာ မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
🔸 မေလ ၂၅ ရက်နေ့ နံနက်အစောပိုင်း(မြန်မာစံတော်ချိန် ၄ နာရီခန့်)မှာ အနောက်မြောက်ဘက်ကို ချိုးကွေ့ပြီး မေလ ၂၆ ရက် နံနက်အစောပိုင်းမှာ ဩရိဿပြည်နယ်နဲ့ အန်ဒရာပရာဒက်ပြည်နယ်နယ်စပ်အနီး အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေကို ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာရင်တော့ အိုမန်နိုင်ငံကပေးထားတဲ့ အလှည့်ကျနာမည် REMAL(အသံထွက် - Re-Mal ရီ-မယ်)ဆိုတဲ့ အမည်ရလာပါလိမ့်မယ်။

🔸 မုန်တိုင်း ဘင်္ဂလားပင်လယ်အတွင်း အရှေ့မြောက်ဘက်သို့ရွေ့လျားစဉ်၊ မြောက်-အနောက်မြောက်ဘက်သို့ချိုးကွေ့ပြီး အိန္ဒိယနိုင်ငံကမ်းခြေသို့ဦးတည်ကာ ကုန်းတွင်းဝင်ရောက်စဉ်အချိန်တွေမှာ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းအရှိန်သက်ရောက်မှုများကြောင့် ကမ်းရိုးတန်းဒေသများနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများဖြစ်ပေါ်နိုင်မဲ့အပြင် တစ်နိုင်ငံလုံးနေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။
🔸 မုန်တိုင်းငယ် > မုန်တိုင်း > ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ချိန်အထိ စောင့်ကြည့်ပြီး မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့်ဖြစ်ပေါ်နိုင်မဲ့ မိုးလေဝသအခြေအနေများကို အဲ့ဒီအချိန်မှာ ဆက်လက်တင်ပြပေးသွားပါမယ်။
မေလ ၂၃-၂၄-၂၅ -၂၆ ရက်နေ့များတွင် မုန်တိုင်းအရှိန်သက်ရောက်မှုဖြစ်နိုင်ချေများအနဖြင့်
မေလ ၂၄ ရက် နံနက်အစောပိုင်းမှ စတင်၍ -
- မုန်တိုင်းအရွယ်အစား အချင်း ၄၁၈ မိုင်အထိရှိလာနိုင်သည်
- ၃ နာရီအတွင်း ရွာသွန်းသောမိုးရေချိန် ၁၁ မီလီမီတာအထိ ရှိလာနိုင်သည်
- မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းဒေသများတွင် လေတိုက်နှုန်း 25mph အထိ ရှိလာနိုင်သည်
- ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင် လေတိုက်နှုန်း 30mph အထိ ရှိလာနိုင်သည်
- ကမ်းနီးပင်လယ်ပြင်များတွင် လှိုင်းအမြင့် ၈ ပေခန့်အထိ ရှိလာနိုင်သည်
- ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ စသည့် ပြည်နယ်တိုင်းများတွင် မေ ၂၄ ရက်နေ့ မိုးများ-မိုးအလွန်များ အချိန်ကြာကြာမိုးသည်းထန်နိုင်ပါမည်။
- ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဒေသအချို့လည်းပါဝင်နိုင်ပါသည်။
(လေဖိအားနည်းရပ်ဝန်းအဆင့်ရောက်လာချိန်တွင် ထပ်မံတင်ပြပေးပါမည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
AutKer
လွန်ခဲ့သော ၂ နှစ် ကဆေးဒိတ်အောက်အကုန်တွေသုံးမိရင်ဘယ်လိုဆိုးကျိုးတွေဖြစ်တတ်လဲဆရာတို့
၃၁
လွန်ခဲ့သော ၂ နှစ် ကရှမ်းပြည်နယ်မိုးလေဝသတသင်း
win ko thu
လွန်ခဲ့သော ၂ နှစ် ကတစ်နာရီမိုင်ဘယ်လောက်နှုံန်နှင့်တိုက်ခတ်နိုင်လည်းခင်ဖျာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026