စက်တင်ဘာ လကုန်ပိုင်းတွင် ဖြစ်လာနိုင်မည့် မိုးလေဝသအခြေအနေ
🔸 ဖြစ်ပေါ်ပြီးခဲ့သည့် သဘာဝဘေးအခြေအနေများ
တိုင်ဖွန်းမုန်တိုင်း "ယာဂိ" အကြွင်းအကျန်များဝင်လာကာ စက်တင်ဘာ ၁၀-၁၁ ရက်များအတွင်း မိုးအလွန်များခဲ့တာကြောင့် ရေကြီးရေလျှံခြင်းတွေ ဆိုးဆိုးရွာရွာဖြစ်ပေါ်ခဲ့ပြီး ခုချိန်အထိ အဲ့ဒီဒေသတွေအတွင်းမှ နာလန်ပြန်ထူနိုင်ဘို့ ကြိုးစားနေကြရဆဲပါပဲ။ အရင်လိုပြန်လည်ဖြစ်လာနိုင်ဖို့က လနဲ့ချီပြီး ကြာမြင့်သွားနိုင်သလို စားဝတ်နေရေးအခက်အခဲတွေပုံမှန်ပြန်ဖြစ်လာဖို့က နှစ်နဲ့ချီပြီးတောင် ကြာမြင့်သွားနိုင်ပါတယ်။
အဲ့ဒီနောက်ပိုင်း အပူပိုင်းမုန်တိုင်း "ဆိုးလစ်" ကတော့ စိုးရိမ်ပူပန်ခဲ့ကြသလောက် မပြင်းထန်တော့ဘဲ နေရာကျဲကျဲမိုးနည်းနည်းများခဲ့ပြီးကာ သူ့အရှိန်တွေနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းအသစ်တခုဖြစ်လာနိုင်မဲ့ ခြိမ်းခြောက်မှုက စက်တင်ဘာ ၂၃-၂၄ ရက်တွေမှာဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။
"ယာဂိ" ကြောင့်ရေကြီးခဲ့ပြီးကတည်းက အင်တာနက်လိုင်းတွေနှေးကွေးကုန်တာကြောင့် သတင်းအချက်အလက်များများယူကာ မုန်တိုင်းတွေကို အသေးစိတ်လေ့လာဆန်းစစ်နိုင်တဲ့ site တချို့ လုံးဝတက်မရဖြစ်ခဲ့ပြီး ဒီနေ့တော့ ပြန်ရလာပါတယ်။

🔸 ထပ်မံဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများ
လက်ရှိဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ နောက် ၂၄ နာရီအတွင်း ဆက်လက်ဖြစ်လာနိုင်မဲ့လေဖိအားနည်းရပ်ဝန်း အခြေအနေကို လေ့လာဆန်းစစ်တဲ့အခါ -
လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်း cell မှ အားပိုမိုကောင်းလာပြီး စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း၊ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး အားအကောင်းဆုံးအချိန် စက်တင်ဘာ ၂၅ ရက် ည ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီးတဲ့နောက် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ကာ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်ဘက်ကို ဆက်လက်ရွေ့လျားသွားမှာဖြစ်ကြောင်း ECMWF ENS model, GFS ENS(GEFS) model တွေရဲ့ ခန့်မှန်းချက်မှာတွေ့ရပါတယ်။
🔸 ခြုံငုံသုံးသပ်ချက်
စက်တင်ဘာလကုန်အထိ ဖြစ်ပေါ်နိုင်သည့် မိုးအခြေအနေ -
"တောင်တရုတ်ပင်လယ်ဘက်မှာ အနောက်ဘက်(ဗီယက်နမ်ဘက်)ရွေ့လျားလာနိုင်တဲ့မုန်တိုင်းများ ထပ်မံမဖြစ်မချင်း" ... မြန်မာနိုင်ငံဘက်က မိုးများနိုင်မဲ့ အခြေအနေတွေဟာ စက်တင်ဘာ ၂၅ ရက်နောက်ပိုင်းက စ ပြီး လျော့နည်းသွားတော့မှာဖြစ်ပါကြောင်း ခန့်မှန်းရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....