ပင်လယ်ပြင်မှာ ဘာတွေဖြစ်နေလဲ? မြန်မာနိုင်ငံတွင်း ဘယ်လိုအကျိုးသက်ရောက်နိုင်မလဲ?
ယာဂိအကြွင်းအကျန် မုန်တိုင်းလို့ ပြောနေကြတဲ့(လေပွေလှိုင်း)က မြန်မာပြည်ထဲမှာ မရှိတော့ပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်သွားပါပြီ။ ဆိုတော့ချင်းပြည်နယ် တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနေထိုင်သူမဟုတ်ရင် စိုးရိမ်စရာမရှိတော့ပါ။
အဲ့ဒီလေပွေလှိုင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေနားမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး အနောက်ဘက် အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုပဲ ဆက်လက်ရွေ့လျားနိုင်ကြောင်း တွေ့ရပါတယ်။ မြန်မာပြည်ဘက်ကို လာမှာမဟုတ်ပါ။
ရေကြီးနေတဲ့ဒေသတွေမှာတော့ မိုးပါးပါးသာ ရွာနိုင်ချေများပါတယ် မိုးမများနိုင်တော့ပါ။
တောင်တရုတ်ပင်လယ်ရဲ့ အရှေ့ဘက်က အရှေ့ဖိလစ်ပိုင်ပင်လယ်အကျော်မှာ အပူပိုင်းမုန်တိုင်း BERBINCA(14W)ဖြစ်နေတာ ရှိပါတယ်။ တရုတ်ပြည် အရှေ့ဘက်ကမ်းခြေ(ရှန်ဟိုင်း)ကိုဦးတည်ရွေ့နေပြီး ၁၅ ရက်နေ့နောက်ပိုင်းမှာ အဲ့ဒီကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း JTWC က တင်ပေးထားပါတယ်။
မုန်တိုင်း BERBINCA ရဲ့ သက်ရောက်မှု - မုန်တိုင်းအကြွင်းအကျန်ကလဲ ပြီးခဲ့တဲ့ YAGI လို မြန်မာပြည်မှာ မိုးတွေကြီးနိုင်တဲ့သက်ရောက်မှုမျိုးဖြစ်မလာနိုင်တော့ပါ။
စက်တင်ဘာ ၂၂ ရက်နောက်ပိုင်းမှာ တောင်တရုတ်ပင်လယ်ထဲ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး အနောက်ဘက်ကို ရွေ့နိုင်ကြောင်း၊ ဗီယက်နမ်ကမ်းခြေကို တ္တီတွတ် ၁၅ ဒီဂရီအောက်ဘက်က ဖြတ်ကျော်ဝင်ရောက်ရင် ထိုင်းပင်လယ်ကွေ့ကတဆင့် ကပ္ပလီပင်လယ်အထိရောက်နိုင်ကြောင်း GFS က တင်ထားပေမဲ့ တခြား သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ ပေါင်းစု အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ထူးခြားတဲ့ မိုးလေဝသအခြေအနေတွေ၊ ရာသီဥတုအခြေအနေတွေရှိလာရင် ကျနော် အချိန်မီတင်ပြပေးနေမှာပါ။
စက်တင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီ ECMWF, GFS နှင့် ICON model များရဲ့ ခန့်မှန်းချက်တွေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း စစ်တကောင်းမြို့အနောက်ဘက်ကပ်လျက်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး အနောက်-အနောက်မြောက်ဘက်သို့သာ ရွေ့လျားနိုင်ကြောင်းတွေ့ရပါတယ်။ မြန်မာပြည်ဘက်မှ ရွေ့လျားသွားတဲ့ တိုင်ဖွန်းမုန်တိုင်း YAGI အကြွင်းအကျန် လေပွေလှိုင်းမှ ပြန်လည်အားယူလာတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပါတယ်။ မြန်မာပြည်ဘက်ကို ပြန်ပြီး ဦးတည်ရွေ့လျားနိုင်မှာမဟုတ်ပါ။

ဒီလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာတဲ့အရှိန်ကြောင့် -
ဒီနေ့နံနက် ၁၀ နာရီမှ စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီအထိ - ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်အထက်ပိုင်းဒေသတချို့တွေမှာသာ မိုးများနိုင်ပါမယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၆၅ မီလီမီတာ(၆.၅ လက်မခန့်)ရွာသွန်းနိုင်ပါမယ်။
ကျန်ပြည်နယ်တိုင်းတွေမှာတော့ မိုးအနည်းငယ်မှအသင့်အတင့်လောက်သာ နေရာကွက်ကျားရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ အများဆုံးရွာနိုင်တဲ့ ကွက်ကျားမိုး မိုးရေချိန်အနေနဲ့ ၂၆ မီလီမီတာ(၁ လက်မ ဝန်းကျင်ခန့်)သာရှိနိုင်ပါမယ်။

မြန်မာနိုင်ငံ အရှေ့ဘက် ပစိဖိတ်အနောက်မြောက်ဘက် ပင်လယ်တွေမှာတော့ အရှေ့ဖိလစ်ပိုင်ပင်လယ်ဘက်မှာသာ စက်တင်ဘာ ၁၇-၁၈ ရက်ဝန်းကျင်မှာ မုန်တိုင်းရှိနေပြီး တောင်တရုတ်ပင်လယ်ထဲမှာ မုန်တိုင်းဖြစ်ပေါ်နိုင်မဲ့အခြေအနေမရှိသေးပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးလေးကြီး
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
အောင်ငြိမ်းချမ်း
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်ခင်ဗျ
win ko thu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
ကိုငြိမ်းချမ်းလှိုင်
လွန်ခဲ့သော ၂ နှစ် ကကျေးဇူး
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....