ဖြေကြားချက် ၂ ခု
မဂ်လာအကို ဒီ software မှာ ဖြေကြားပေးဖို့ အချိန်ပြည့် သီးသန့်ပညာရှင်ထားထားတာ မဟုတ်ပါဘူး အတတ်နိုင်ဆုံး မေးခွန်းတွေကို အချိန်အမှီ ဖြေကြားနိုင်ဖို့ကြိုးစား လျှကိ ရှိပါတယ် နောက်တစ်ခုက မေးတဲ့ မေးခွန်းက တိကျရေရာမူ မရှိရင် ဖြေရတဲ့သူ အဖို့ခက်ခဲပါတယ် စိုက်ပျိုးရေးက ဘတ်စုံ ထောင့်စုံက နေစဥ်းစား ပြီး ဖြစ်နိုင်ခြေကို အတတ်နိုင်ဆုံး စဥ်းစားရပါတယ် မျိုး မြေ ရာသီဥတု ဆေးဝါးသုံးစွဲမူ စိုက်စနစ် လူနှင့်စက်ကိရိယာ အုကံညာဏ် ငွေကြေးရင်းနှီးမြုတ်နှံမူ ပတ်ဝန်းကျင် အနေအထား စသဖြင့် ဘတ်စုံ ထောင့်စုံကနေစဥ်းစားရပါတယ် နောင်တစ်ကြိမ် မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ဘယ်လို လုပ်ရမလဲ ဆိုတာတွေပါ စဥ်းစားစေချင်ပါတယ် အကိုအရမ်း အရေးကြီး နေတဲ့ emergency case ဆိုရင် တော့ အကို့ ကွင်း ထဲကို တိုက်ရိုက် ကွင်းဆင်း ကြည့်ရူ ပေးနေတဲ့ ဝန်ထမ်း တွေရှိမှပါ သူတို့ကို ချက် ချင်း အကြောင်းကြားပြီး ကွင်းဆင်း စစ် ဆေးကြည့်တာ သည် ကျနော်တို့က ဓာတ်ပုံ တစ်ပုံ မေးခွန်း တစ်ပိုဒ်ကို ကြည့်ပြီး အဖြေပေးနေတာ ထက်ပိုပြီး တိကျသေချာ မြန်ဆန်တဲ့ အဖြေတစ်ခု ရမှာအသေအချာ ပါ အဲ့တော့ ချက်ချင်း မဖြေနိုင်တာ ကိုတေယ့ နားလည်ပေး စေချင်ပါတယ် အရင် ရှင်ဘုရင်ခေတ်ကလို့ အညာသီဟတော ဘုရား ရှေ့တော်မှောက်ရောက်စေ ဆိုပြီး အညာက အညာသီဟတော ဘုရားကို ဘုရင်က ဖူးချင်တော့ ဝန်ကြီးမှူးမတ်တွေက ဘုရားပင့်ပြီး ဘုရင့်ရှေ့ ပင့်ဆောင်လာရတယ်ဆိုတာမျိုးတော့မဖြစ်နိုင်ကြောင်းပါလို့ အဖြေပေးပါ ရစေ ကျနော့်ရဲ့ အဖြေ ကိုလည်း မေးခွန်းရှင် နားလည် လက်ခံနိုင်လိမ့်မယ်လို့ယူပါတယိ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျနော်လယ်မှာဧကဝက်ကျော်ကျော်မှာမြေချဉ်ဖြစ်နေ၍စပါးမစွဲပဲနှစ်စဉ်မစားရပဲဖြစ်နေ၍မည်သို့ပြုလုပ်ရပါမည်နည်း
ဖြေကြားချက် 2 ခု
စပါးတစ်လသားကို ပင်ကောင်းပေါင်သေကြဲလို့ရပါသလားခင်ဗျာ
ဖြေကြားချက် 3 ခု
မြက်ဝင်းပူ၊ပဒေါ်မြက်များကိုဘယ်ဆေးသုံးရမလည်း
ဖြေကြားချက် 2 ခု
လယ်သမားအချင်းချင်းကဘာသုံးရမလည်းသိတယ် ပိုကောင်းအောင်မေးနေတာ ပြန်ဖြေတာလည်းမတွေ့ပါလား
ဖြေကြားချက် 0 ခု
အစိုကြဲခင်းမှာရေနည်းနည်းတင်တာနဲ့အပင်မဖြစ်လာတော့ဘူး။ဘာလုပ်သင့်လဲဆိုတာလမ်းညွှန်ပေးကြပါအုံး
ဖြေကြားချက် 1 ခု