အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၆ နှစ် က · ယင်းမာပင်

မင်္ဂလာပါ... လွန်ခဲ့တဲ့ ၂လဝန်းကျင်က စစ်ကိုင်း ယင်းမာပင်ခရိုင်တစ်ဝိုက်က နှမ်းစိုက်တောင်သူတွေ ပင်ပျိုအဆင့်အပွင့်...

မင်္ဂလာပါ... လွန်ခဲ့တဲ့ ၂လဝန်းကျင်က စစ်ကိုင်း ယင်းမာပင်ခရိုင်တစ်ဝိုက်က နှမ်းစိုက်တောင်သူတွေ ပင်ပျိုအဆင့်အပွင့်အသီးစချိန်ရောက်မှ အရွက်တွေတွန့်လိပ်ကောက်ကွေးခြောက်လာလို့ အခင်းလိုက်အကုန်ဖျက်သိမ်းလိုက်ကြရပါတယ်။ တောင်သူတွေ စကားအရ မနက်ခင်းတစ်ခုမှာမြူမှုန်တွေမဲနေအောင်ကျလာပြီး နောက်ပိုင်းစဖြစ်တာလို့ပြောပါတယ်။ သူတို့ဒေသအယူအရ "နှင်းခါး"ကျလို့ဖြစ်တာလို့ဆိုပါတယ်။ သိချင်တာက နှင်းခါး ဆိုတာတကယ်ရှိသလား... ပိုး ဒါမှမဟုတ် မှိုတစိမျိုးမျိုးကျရောက်တာလား သိချင်ပါတယ်။

စိုက်ပျိုး ဗဟုသုတ နှမ်း နှမ်းဆစ်နီမတုတ်
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နှင်းခါးမှာ ပြဒါးပါတယ်လို့တချို့ပညာရှင်များကဆိုပါတယ်.တချို့ကလည်းအက်စစ်ပါတယ်လို့ပြောကြတယ်.သေချာတာကတော့နှင်းခါးဟာ ဆောင်းတွင်းမှာဘဲကျတတ်ပါတယ်။ဆောင်းအခါနေ့လည်ဖက် မိုးတိမ်ထူထပ်ပြီးညဖက်အေးလာပြီဆိုရင်မနက်ပိုင်းနှင်းခါးကျတတ်ပါတယ်.နှင်းခါးကညဥ့်နက်ပိုင်းမှမနက်ခင်းထိကျတတ်ပါတယ်။သီးနှံတွေရဲ့အပွင့်အသီးတွေကိုထိခိုက်သေကြေစေတဲ့နှင်းတစ်မျိုးမို့ နှင်းခါးလို့ခေါ်ကြတာပါ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နှမ်ပင်ဟာနှင်းခါး​ကြောင့်မသေနိုင်ပါဘူး။​ရောဂါ​ကြောင့်ပါ။အပင်တွေကွက်ပြီးညှိုးလာမယ်.အပင်တွေပုလာမယ် . အရောင်ဖျော့လာမယ်.ရေသောက်မြစ်ကကွေးနေမယ်.အဖြူရောင်..သံချေးရောင်ရှိတဲ့အလုံးပုံနီမတုတ်အမကောင်တွေအမြစ်တွေမှာတွယ်ကပ်နေတာတွေ့ရတတ်ပါတယ်။အဲဒါဆိုရင်နှမ်းပင် ဆစ်နီမတုတ်ရောဂါပါ။နှမ်းပင်နှင်းခါးကျတာမဟုတ်ပါဘူး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။