အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးနဆေနျးဦး
လွန်ခဲ့သော ၆ နှစ် က · ကျွန်းစု

ကွမ်းသီးပင်များတွင် အသီးမတင်ပဲကြွေကျမှုများနေခြင်း၊ ကွမ်းသီးခိုင်တွင် မှိုရောဂါစွဲကပ်မှုကြောင့် အထွက်နှုန်းဆုံးရှုံးနေရမှုအား ဘယ်လိုကာကွယ်နှိမ်နင်းမှုမျိုး ပြုလုပ်လို့ရလဲ သိချင်ပါတယ် ။

ပိုးမွှားရောဂါ ကွမ်းသီး
Post image
Post image
3

ဖြေကြားချက် ၃ ခု

ကျော်သိင်္ဂါအောင်
ကျော်သိင်္ဂါအောင် 5,176 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ ​နောက်လည်း​မေးမြန်းနိုင်ပါတယ်။

ဦးနဆေနျးဦး
ဦးနဆေနျးဦး 594 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

ကျော်သိင်္ဂါအောင်
ကျော်သိင်္ဂါအောင် 5,176 လွန်ခဲ့သော ၆ နှစ် က

ကွင်းသီးပင်ဟာ အဖူးပုပ်​ရောဂါ(အသီးပုပ်)ကျ​ရောက်​နေတာပါ။​ရောဂါကျအပင်၏ ထိပ်ပိုင်းရှိ ​ခြောက်​​သေနေ​သော အသီးမဲ့အခိုင်များ၊အပင်​ပေါ်ရှိ​ရောဂါရအသီးများနှင့် အပင်​ခြေမှာ​ကြွေကျ​နေတဲ့ အသီးများအားလုံးကို စိုက်ခင်းနှင့်​ဝေးရာသို့သွားပြီး မီးရှို့ဖျက်ဆီးပါ။ကူးစက်ပျံ့ပွားနိုင်တာ​ကြောင့်ပါ။​ရောဂါကျ​ရောက်ပါက ​ဖော့စတိုင်း ​အေအယ်လ်၊မယ်တယ်လဆီ ပါဝင်​သော​ဆေးအုပ်စုဝင်တစ်မျိုးမျိုးကို ​ဆေးညွန်းအတိုင်း အသုံးပြု၍ ဖျန်း​ပေးပါ။ဖို့ကပ်၊ဧလိရတ်၊​လောင်၊ပီလာဇီး စသည်ဖြင့် မိမိနှစ်သက်ရာ ​ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ပူ​နွေးစိုစွတ်တဲ့ရာသီတုဥ မိုးရာသီမှာ ​ရောဂါကျ​ရောက်​လေ့ရှိပါတယ်။​ရေသွင်းများခြင်း၊မကြာခဏမိုးရွာ၍​မြေအစိုဓါတ်များခြင်း၊ပင်​ခြေ​ရေဝပ်ခြင်း တို့​ကြောင့်​ရောဂါကျ​ရောက်တာပါ။အဖူးပုပ်​ရောဂါကျ​ရောက်ခြင်းမရှိ​စေရန် မိုးဦးကျချိန်မှစ၍ ​ကော့ပါးပါဝင်​သော​ဆေးများကို ကွင်းသီးပင်ထိပ်ပိုင်းကို ဖျန်း​ပေးခြင်းဟာ အ​​ကောင်းဆုံးကြိုတင်ကာကွယ်ခြင်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။