ဖြေကြားချက် ၂ ခု
စီလီကာဆိုတဲ့ အနည်းလို အာဟာရဓာတ်ပါဝင်တဲ့ မြေသြဇာတွေပါ သူ့မှာ တွဲပါတာကတော့ calcium ဓာတ်ပါတာမလို့ မြေချဥ်နေတဲ့ မြေတွေမှာ သုံးရင် မြေချဥ်ငံကိန်း(pH)ကို ပြန်တက်စေပြီး မြေပြန်ကောင်းနိုင်ပါတယ် အထူးသဖြင့်ကတော့ စပါးမှာ အသုံးများပါတယ် ပင်းပွားထွက်ချိန်မှာ စပါးပင်က စီလီကာ ဓာတ်ကို စုယူနိုင်တာမလို့ အဲ့ဒီအချိန် မတိုင်ခင်မှာ သုံးပေးကြပါတယ် စီလီကာဓာတ်ကို သဘာဝအတိုင်းရစေချင်ရင်တော့ စပါးခွံကို အခြောက်ခံပြီး ထည့်ပေးနိုင်ပါတယ် စပါးခွံမှာ ဆိုရင် စီလီကာဓာတ် ၂၀ရာခိုင်နှုန်းသာ ပါပေမယ့် အခြောက်ခံလိုက်တဲ့အခါ ၉၄ရာနှုန်းလောက်ထိ တိုးသွားပါတယ် အဲ့ဒါကြောင့် သဘာဝအတိုင်း စပါးခွံမြေသြဇာ ထည့်ပေးခြင်းကလည်း အပင်တွေအတွက် စီလီကာဓာတ်ကို ရရှိစေမှာ ဖြစ်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးတစ်ရာသီမှာရွှေနဂါးပုလဲသာတစ်မျိုးထဲသုံးလို့ရပါသလား အခြားcompound တွေသုံးရဦးမှာလား
ဖြေကြားချက် 2 ခု
စိုက်ပျိုးနည်း မိုးစပါး မြေအောဇာကကျွေးနည် ပေါင်းသက်ဆေး ဖျန်းနည်း ရိတ်သိမ်းပုံ စပါးဘယ်ဘယ်အနေအထားဆိုရင် ရိတ်...
ဖြေကြားချက် 1 ခု
စပါးပင်လေးတွေဘာဖြစ်နေတာလဲခင်ဗျာ
ဖြေကြားချက် 6 ခု
လယ်မြေတွေမှာ သံနဲ့အလူမီနီယံ ထိန်းချူပ်ခြင်းခံရရင်ဘယ်လိုကုစားလို့အဆင်ပြေမလဲဆရာ ရှင်းပြပေးပါအုန်းခင်ဗျ
ဖြေကြားချက် 1 ခု
ဆရာဗျ Macro Nutrients တွေကိုစျေးကွက်ထဲ့မှာရနိုင်လည်း TE: Mn/ Zn/ S/ Mo တို့ကို သီးသန့်ဝယ်လိုရနိုင်လားဗျ ဘယ်မှာ...
ဖြေကြားချက် 4 ခု