အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
754
လွန်ခဲ့သော ၆ နှစ် က · ညောင်တုန်း

စပါးစိုက်မည်သည့်ရက်သားတွင်မြေသြဇာထည့်ရပါသနည်း

စိုက်ပျိုး ရေ စပါး စပါးပင်နှင့်အာဟာရ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဖြစ်နိုင်ရင် ယူရီးယား(ပုလဲ),တီစူပါ,ပိုတက် မြေသြဇာတွေကိုသီးခြားစီကျွေးစေချင်ပါတယ်(ကွန်ပေါင်မြေသြဇာတွေထက်ပိုအကျိုးရှိလို့ပါ)။ပုလဲကိုမြေခံမှာမထည့်သင့်ပါဘူး။မြေခံမှာ(စိုက်သမန်းပြင်ချိန်) တီစူပါအိတ်ဝက်+ပိုတက်တစ်စိပ်(တစ်အိတ်ရဲ့၄ပုံ၁ပုံ)ထည့်ပေးရပါမယ်။နောက်ထပ် ပိုတက်တစ်စိပ်ကိုသက်တမ်း၁၁၀..၁၁၅ရက်မျိုးမှာ ရက်၅၀ဝန်းကျင်,၁၃၀..၁၃၅ရက်မျိုးမှာ ရက်၇၀ဝန်းကျင် နဲ့ ၁၄၀..၁၄၅ရက်မျိုးမှာ ၈၅ရက်ဝန်းကျင်တွေမှာ ပိုတက်ကိုဒုတိယအကြိမ်ထပ်ကျွေးပေးရပါမယ်။ယူရီးယား(ပုလဲ)ကိုတော့ ၃ကြိမ်ခွဲကျွေးသင့်ပါတယ်။ယူရီးယား(၁)အိတ်ကို၃ချိုးခွဲပြီး တစ်ကြိမ်ကို ၃ချိုး၁ချိုးစီကျွေးပေးရပါမယ်။ကျွေးရမဲ့အချိန်တွေက ပထမအကြိမ်အဖြစ်ကောက်ပင်လှန်ချိန်မှာကျွေးရပါမယ်။ ဒုတိယအကြိမ်မှာဆိုရင် ..သက်တမ်း၁၁၀..၁၁၅ရက်မျိုးဆိုမှာ၆၂ရက်သား,၁၃၀..၁၃၅ရက်မျိုးမှာ ၈၂ရက်သား,၁၄၀..၁၄၅မျိုးမှာ ၉၇ရက်သား ဝန်းကျင်တွေမှာ​ကျွေးရပါမယ်။တတိယအကြိမ်မှာဆိုရင်..သက်တမ်း..၁၁၀..၁၁၅ရက်မျိုးမှာ ၈၀ရက်သား,၁၃၀..၁၃၅ရက်မျိုးမှာ ရက်၁၀၀,၁၄၀..၁၄၅ရက်မျိုးမှာ ၁၁၅ရက်သားဝန်းကျင်တွေမှာကျွေးပေးရပါတယ်။အပင်ရဲ့လိုအပ်တဲ့အာဟာရကို လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပမာဏကိုကျွေးမှပိုမိုအကျိုးသက်ရောက်မှုရှိမှာပါ(ယူရီးယား ပုလဲက လေလွင့်ဆုံးရှုံးမှုများတတ်တာကြောင့် မကျွေးခင်၁ရက်ကြိုတင်၍ ပုလဲ၁ဆ+နွားချေးဆွေး/မြေဆွေး ၃ဆကိုသမအောင်ရောမွှေပြီးတာလပတ်ဖြင့်အုပ်ပြီးတစ်ည နှပ်ထားပါ.တစ်ညနှပ်ပြီးနောက် မနက်စောစောကြဲပက်၍ကျွေးပေးပါက လေလွင့်ဆုံးရှုံးမှုနည်းပါးသွားပါသည်.အပင်အတွက်အာဟာဓာတ်ပိုမိုရရှိစေပါသည် )

80,436 လွန်ခဲ့သော ၆ နှစ် က

မြေခံ၊ ၁၅ ရက်သား (သို့) ကောက်ပင်လှန်ချိန်မှာ တစ်ကြိမ်၊အပင်ပွားစည်းချိန်နဲ့ မှို့ကပ်ချိနိတွေမှာလဲ တစ်ကြိမ်စီ မြေသြဇာထည့်ပေးရပါတယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။