အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
812
လွန်ခဲ့သော ၆ နှစ် က · သုံးခွ

မြေဆီအဖြူနဲ့လက်ချားကိုပဲတီစိမ်းအပွင့် ပွင့်ချိန်မှဖြန်းရမှာလား အပင်ငယ်စဉ်ရောဖြန်းလို့ရလားဗျာ ဆရာ/ဆရာမ များဖြေ...

မြေဆီအဖြူနဲ့လက်ချားကိုပဲတီစိမ်းအပွင့် ပွင့်ချိန်မှဖြန်းရမှာလား အပင်ငယ်စဉ်ရောဖြန်းလို့ရလားဗျာ ဆရာ/ဆရာမ များဖြေပေးပါနော်

9

ဖြေကြားချက် ၉ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

သုတေသနပြုခဲ့တာက ပဲမျိုးရင်းဝင်အပင်တွေမှာပါ။ဒါပေမဲ့အခြားသီးနှံစိုက်ခင်းတွေမှာအသုံးပြုကြည့်ရာ သီးပွင့်မှုများကောင်းမွန်တာကိုတွေ့ရှိရပါတယ်..ဒါကြောင့်အခြားသီးနှံများမှာလည်းအသုံးပြုသင့်ပါတယ်။အပုပ်ခံစရာမလိုပါခင်ဗျာ။ချက်ချင်းရောစပ်ပြီးသုံးရတာပါခင်ဗျာ။(လက်ချားအမှုန့်ကို မှုန့်ညက်အောင်ပြုလုပ်ပေးရပါမယ်)

11,135 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဆရာတို့

2,089 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူပြုပေးပါဦးဗျ

812 လွန်ခဲ့သော ၆ နှစ် က

ဆရာကျေးဇူးပါနော်

2,089 လွန်ခဲ့သော ၆ နှစ် က

သီးနှံပင်တိုင်းသုံးရပါသလားဗျ။ အပုတ်ခံရပါသေးသလား(ပုလဲ+လက်ချား)

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပုလဲဆိုတာဓာတ်ဆားအဖြူ(ယူရီးယားမြေသြဇာ)ဖြစ်ပါတယ်။လက်ချားကတော့ ဘိုရွန်ဓာတ်ပါရှိပြီးအပွင့်အသီးဖြစ်ထွန်းမှုလုပ်ငန်းစဥ်မှာကူညီပေးတဲဓာတ်တစ်မျိုးပါ.. ဘယ (ပရ) ဆေးဆိုင်မှာဝယ်ယူရရှိနိုင်ပါတယ်။၁ပိဿာ ၃၅၀၀မှ၆၀၀၀ထိစျေးနှုန်းရှိပါတယ်။တစ်ဧကကို ပုလဲတစ်ပြည် နဲ့ လက်ချား၂၀သားခန့်လိုအပ်ပါတယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပုလဲ+လက်ချားကရွက်ဖျန်းပွင့်သီးအားတိုးဆေးပါ..ပန်းစပွင့်ပြီးနောက်ပိုင်းဖျန်းသင့်ပါတယ်။အပင်ငယ်စဥ်မှာတော့အပင်ကြီးထွားအားဆေးဖြစ်တဲ့ ငါးအမိုင်န်ိုအက်စစ်(ငါးအပုပ်ရည်)ကိုပက်ဖျန်းသင့်ပါတယ်။

11,135 လွန်ခဲ့သော ၆ နှစ် က

ပုလဲလက်ချားဆိုတာကဘယ်လိုမျိုးကိုပြောတာလဲပုလဲဆိုတာဓာတ်ဆားအဖြူကိုပြောတာလားလက်ချားကကောဆိုင်မှာမေးဝယ်ရတာလားဗျဖြေပေးကြပါအုံး

82,997 လွန်ခဲ့သော ၆ နှစ် က

ပုလဲ+လက်ချားက အသီးအပွင့်ကို အားပေးလို့ ပန်းလှိုင်လှိုင် စပွင့်ချိန်မှ အသီးကင်းဝင်ချိန်ထိ ၅ရက်တစ်ကြိမ်ဖျန်းတာ အကောင်းဆုံးဗျ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။