ပေါင်းသတ်ဆေးသုံးလျင် မြေဆီမြေနှစ်တွေကိုထိခိုက်နိုင်ပါသလား
ဂလိုင်ဖိုဆိတ်အုပ်စုကိုနှစ်ရှည်ပင်ဥယျာဥ်ကြားတေမှာမဖြစ်မနေ ပေါင်းမနိုင်မှတနှစ်တကြိမ်သုံးသင့်ပါတယ် လယ်မြေမှာပေါင်းသတ်ဆေးကိုအများစုသုံးနေတာတွေ့နေရတယ် သတ်တဲ့ဆေးဆိုမှတော့ပေါင်းပင်ရောမြေထဲမှာရှိတဲ့အပင်အကျိုးပြုအနုဇီဝပိုးတွေပါသေကြေပျက်စီးတော့မြေဆီလွှာပျက်ပါတယ် ကိုယ့်သားသမီးမြေးဆက်သုံးဘို့ဆိုမြေဆီသြဇာထက်သမ်အောင်ပြုပြင်ဘို့လိုပါတယ်
ပေါင်းသတ်ဆေးသုံးစွဲခြင်းကြောင့်သဘာဝပတ်ဝန်းကျင်၊လူ၊တိရစ္ဆာန် အဆိပ်သင့်မှု ဖြစ်ပွားနိုင်ပါတယ်။မြစ်ချောင်းနှင့် ရေအောက်မြေမှာ ပေါင်းသတ်ဆေးအဆိပ်သင့်နိုင်ပါတယ်။ ပေါင်းသတ်ဆေးများကို မဆင်မခြင် ဆက်တိုက်သုံးစွဲမည်ဆိုလျင် မြေဆီလွှာ မြေဆီမြေနှစ် ပျက်ဆီးမှုလည်းဖြစ်စေနိုင်ပါတယ်။မြေဆွေးဓါတ်လို့ခေါ်တဲ့ အောဂဲနစ်မီတာပါဝင်မှု လျှော့နည်းလာနိုင်ပါတယ်။အဏုဇီဝသက်ရှိတွေ ပါဝင်မှု လျှော့နည်းလာပါလိမ့်မယ်။မြေအစိုဓါတ်ထိန်းနိုင်စွမ်းလည်း ကျဆင်းလာပါလိမ့်မယ်။ဒါကြောင့် ပေါင်းသတ်ဆေးများကို စနစ်တကျသုံးစွဲ၍ ဆေးညွှန်းအတိုင်းလိုက်နာပါ။မိမိစိုက်ပျိုးသည့်မြေကလည်း ပေါင်းသတ်ဆေးသုံးစွဲဖို့လိုအပ်တယ် မိမိကလည်း မြေဆီလွှာပျက်ဆီးမှာ စိုးရိမ်လို့ရှိရင် တစ်နှစ်မှာ တစ်ကြိမ်သာ ပေါင်းသတ်ဆေးသုံးပါ။သုံးစွဲရမည့်အချိန်ကလည်း မျိုးစေ့ချပြီး ၁ လအတွင်း ၁ ကြိမ်သာ သုံးပေးရမှာပါ။ပေါင်းသတ်ဆေးရွေးချယ်တဲ့နေရာမှာလည်း မိမိသတ်ချင်တဲ့ ပေါင်းမြက်အမျိုးအစားပေါ်မှုတည်၍ မြေနှင့်ရေတွင် မြန်မြန်ဓါတ်ပြိုကွဲသည့် ပေါင်းသတ်ဆေး၊အငွေ့ပြန်လွယ်သည့်ပေါင်းသတ်ဆေးများကို ရွေးချယ် သုံးစွဲပေးပါ။ပေါင်းသတ်ဆေးသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်ဆီးမှု မရှိစေရန် နွားချေး၊သစ်စိမ်းမြေသြဇာ၊အီးအမ်ဘိုကာ အစရှိသော သဘာဝမြေသြဇာများကို ထည့်သွင်းပေးရန်လည်း လိုအပ်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ယမနေသစ်ပင်စိုက်နည်းလေးပြညိ့ပြည့်စုုံစုုံသိချင်ပါသည်ခင်ဗျား
ဖြေကြားချက် 0 ခု
လျှောက်ဖြူအစေးကို ဘယ်အချိန်တေမှာထုတ်ယူ၍ ဘယ်အချိန်တေမှာ မထုတ်ယူသင့်တာလဲရှင်းပြကြပါအုံးဗျ ဆရာတို့
ဖြေကြားချက် 1 ခု
တမလန်း သစ်နှင်းအကြောင်း သိတဲ့အကို အမ များ ဖြေကြားပေးပါလားဗျ....ဘယ်လိုရာသီဥထုမှာ စိုက်လို့ရလဲ... ဘယ်လိုမြေတေမှာ...
ဖြေကြားချက် 1 ခု
လျော်ဖြူပင်ရဲ့အခေါက်နဲ့ပင်စည်အကြားမှာပင်စည်ထိုးဝင်ရောက် နေလို့ပါ အပင်ခြေတွင်အဖြစ်များပါသဖြင့် ပင်လုံးပြန့်ပိုး...
ဖြေကြားချက် 2 ခု
မန်ဂျန်ရှား ပင် တစ်လက်မအချင်း ကိုင်တတ်တွေဖြတ်ချင်တာ ကတ်ကြေးဘယ်မှာဝယ်လို့ရလဲပြော ပေကြပါဦး မိတ်ဆွေတို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။