အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Nge
Ko Nge 1,682
လွန်ခဲ့သော ၆ နှစ် က · ရေး

ကျနော့်သံပုရာပင်ဘာဖြစ်တာလဲဗျ...အရွက်တွေကမာကြမ်းကြမ်းနဲ့အရောင်ကမမှန်ဘူးဗျ...အရွက်နုထက်ထွက်လဲအဲ့လိုဘယ့်ဖြစ်နေတယ်ဗျ...အရွက်တွေကတွန့်တယ်...မာတယ်...‌အရောင်မမှန်ဘူးဗျ..လေးငါးပင်လောက်ဖြစ်နေတယ်

ပိုးမွှားရောဂါ သံပုရာ
Post image
Post image
5

ဖြေကြားချက် ၅ ခု

Ko Nge
Ko Nge 1,682 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါဗျာ...ယင်ဖြူတွေတွေ့မိပါတယ်

yeyint
yeyint 6,622 လွန်ခဲ့သော ၆ နှစ် က

ညှပ့်ပစ့်ပါ ကိုင် အသစ်မွေးပါ အသစ်ထွက်လာရင်တေ့ာ ပိုးသက်ဆေး ကြိုဖျန်းပါ ရွက်လိပ်ပိုးပါ ညှပ့်ခိုင်းတာက အသစ်ပြန်မွေးတာက မြန်လိုပါ

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

အပင်လက္ခာအရကတော့ အရောင်လည်းပျက်တယ် အရွက်တွေလည်း တွန့်နေတယ် ဆိုရင် citrus chlorotic dwarf virus လို့ခေါ်တဲ့ virus ရောဂါတစ်မျိုးပါ အရွက်အောက်ဖက်တွေမှာ ယင်ဖြူကျလားဆိုတာ တစ်ချက်စစ်ပေးပါ အပေါ်က သူငယ်ချင်းပြောသလိုပဲ virus ရောဂါမလို့ ကုစရာဆေးမရှိပါဘူး ကြိုတင်ကာကွယ်ရမှာပါ အခုအချိန်မှ ဆေးဖျန်းရင်တော့ မမှီတော့ပါဘူး သုံးချင်သေးတယ်ဆိုရင်တော့ စုပ်စားပိုးသတ်ဖို့ အဆီတာမီပရစ်ကို သုံးနိုင်ပါတယ် ဖြစ်နိုင်ရင်တော့ မသုံးစေချင်တော့ပါဘူး အခြား အကျိုးပြုပိုးတွေကို ထိခိုက်စေလို့ပါ ရောဂါကျနေတဲ့အပင်ကို ရှင်းလင်းပစ်တာကတော့ အကောင်းဆုံးပါပဲ အဲ့နေရာမှာ ပြန်စိုက်တော့မယ်ဆိုရင်လည်း ပိုးကျမကျကို သေချာလေး ဂရုတစိုက် စစ်ဆေးပေးစေချင်ပါတယ်

အိစက်ဝေ
အိစက်ဝေ 68,534 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးကြောင့်ဖြစ်တဲ့ ဗိုင်းရပ်စ်ရောဂါလက္ခဏာလို့ ယူဆရပါတယ်။ ဗိုင်းရပ်စ်ရောဂါဆိုရင်တော့ ဆေးမရှိပါဘူး။ ရောဂါမဖြစ်သေးတဲ့ တခြားအပင်တွေကို မကူးအောင် ရောဂါဖြစ်တဲ့အပင်ကို နှုတ်ပြီး စိုက်ခင်းနဲ့ ဝေးရာမှာ မီးရှို့ဖျက်စီးပစ်ရမှာပါ။စိုက်ခင်းတစ်ဝိုက်မှာ စုပ်စားပိုးတမျိုးမျိုး ရှိမရှိ ကင်းထောက်စစ်ဆေးကြည့်ပါ။ စုပ်စားပိုးကိုလည်း တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးပိုးသတ်ဆေး တမျိုးမျိုးနဲ့ ကာကွယ်နှိမ်နင်းပေးပါ။

Aung Gyi
Aung Gyi 15,048 လွန်ခဲ့သော ၆ နှစ် က

ရာသီဥတုတွေမမှန်တာကြောင့်လည်း အပင်ကလုပ်ဆောင်မှုတွေအားလျော့သွားတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အာဟာရချို့တဲ့လာပါတယ်။ အနည်းလို အာဟာရဖျန်းကြည့်ပေးပါ။ အပင်ကို ဇီဝနှိုးဆွေပေးဖို့လည်းလိုတယ်ဗျ။ အာဟာရနဲ့ ဇီဝနိုးဆွေပစ္စည်းကို အဆင်လိုက်ဖျန်းကြည့်ပါလား ။ကျွန်တော့်အပင်တွေကတော့ နာနိုမြေသြဇာဖျန်းတာ အရောင်တွေစိုပြီးတက်လာတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။