ဘာဖြစ်တာလဲခင်ဗျာ..အကြံပေးပါးအုံး
စပါးပင်ကပုံမှန်မဟုတ်ပါ..အပင်အနေအထား..အရွက်ပုံစံအနေအထားအရ သံဆိပ်သင့်ခြင်း/ကန့်ဆိပ်သင့်ခြင်ဖြစ်နိုင်ပါတယ်။အပင်ပုမယ်..အရွက်တွေပုံမှန်မဟုတ်ဘဲဝါမယ်..အမြစ်တွေဖွာပြီးကွေးကောက်နေမယ်..ပင်ပွားနည်းမယ်..အမြစ်အုံနားကသမန်မြေကိုနမ်းကြည့်လို့ကြက်ဥပုပ်နံ့နံရင်ကန့်ဓာတ်အဆိပ်သင့်တာဖြစ်ပါတယ်..သံချေးနံ့နံရင် သံဓာတ်အဆိပ်သင့်တာပါ။စပါးခင်းဟာအကွက်လိုက် အဝါရောင်..နီညိုရောင်တွေကွက်ပြီးဖြစ်ပေါ်နေတတ်ပါတယ်။စပါးပြီးစပါးသီးထပ်စိုက်ခင်းတွေမှာဖြစ်တတ်ပါတယ်။သမန်းခဏခဏနှိုးပေးပါ..စက်ဖွဲပြာထည့်ပေးပါ။တီစူပါနဲ့ပိုတက်ထည့်ပေးရင်သက်သာနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးဖုံးလုံးနေပါသဖြင့်စပါးအစေ့အဆံအောင်ရန်ဘယ်လိုမြေသြဇာသုံးရမလဲဖြေကြားပေးပါရန်တောင်းဆိုပါသည်
ဖြေကြားချက် 1 ခု
ပုလဲ နဲ့ပိုတက် ကိုတွဲပြီမှစပါးဘယ်နဲလသားမှာကျွေးရမလဲ
ဖြေကြားချက် 0 ခု
စပါးပင်ကို ပိုတက်ချို့နေရင်အပင်ဘယ်လိုနေရတာလဲ
ဖြေကြားချက် 13 ခု
စပါးပင်အတွက် ပိုတက် နဲ့ ဆာလဖာတို့ကဘယ်နေရာတွေမှာသုံးရပါသလဲ ဘယ်အချိန်တွေမှာသုံးသင့်ပါသလည်းခဗျာ
ဖြေကြားချက် 2 ခု
ပုလဲနဲ့ပိုတက် ကို ဘယ်လိုခွဲထည့်ရမလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။