ဖြေကြားချက် ၂ ခု
အဟာရပြည့် ဝသော အစာသည် ဝက်တကောင် တနေ့တာအတွက် လိုအပ်သော အဟာရအစာများကို အချိုးအစားနှင့်အရေအတွက် အလိုက် စနစ်တကျ တွက်ချက်ရောစပ်ထားသောအစာကို ဆိုလိုသည်။ အစာစပ်ရာတွင် လိုအပ်သော အသားဓာတ်အရေအတွက်အမျိုးအစားများ အပြင် အောက်ပါအချက်အလက်များကို အဓိကထား ဆောင်ရွက်ရန် လိုအပ်သည်။ ၁။ အစာသည် တိရစ္ဆာန် အကြိုက် အစာမျိုးဖြစ်ရမည် ၂။စျေးသက်သာ၍ ရေရှည်တွင် တွက်ချေကိုက်ရမည်။ ၃။ဝက်အရွယ်အလိုက် လိုအပ်သော အသားဓာတ် မပိုမလိုပါဝင်ရမည်။ ၄။လိုအပ်သော ဗီတာမင်အပြည့်အစုံပါဝင်ရမည်။ ၅။လိုအပ်သော ဓာတ်ဆား ပမာဏ ပါဝင်ရမည်။ ၆။ဖြည့်စွက်ဆေးဝါးများအပြည့်အစုံပါဝင်ရမည်။ ၇။ကြေညက်လွယ်ရမည်။ ၈။တတ်နိုင်သမျှ သန့်ရှင်းလတ်ဆတ်ပြီး ကျွေးရန်သင့်တော်ရပါမည်။ Crd - Dr မြမြဌေး (တိမွေးကု)
ငှက်ပျောတုံးအချဉ်ဖတ် ဝက်စာလုပ်နည်း ငှက်ပျောတုံးကို သန့်စင်ပြီး ဓားဖြင့်ပါးပါးလှီးပါ။လိုအပ်တဲ့ ပစ္စည်းတွေက သကြားညို သို့မဟုတ် သကာရည် ဆား လေလုံပုံး ပလစ်စတစ်တွေပါ ငှက်ပျောတုံးပင်စည် လှီးပြီးသား ၆၁ပိဿာ သကြားညို ၂ပိဿာ ၅၀ကျပ်သား ဆား ၆၁ကျပ်သား (သကြားညို အစား သကာရည် ပြောင်းလဲ သုံးနိုင်သည်။) အားလုံးရောပြီး မွှေပါ ထို့နောက် ပလစ်စတစ်ပုံးထဲ ထည်ပြီးသိပ်ပါ။ လေလုံအောင် သေခြာဖုံးပါ။ ၄ရက် ၅ရက်ဆို စကျွေးလို့ရပါပြီ။သို့မဟုတ် လေလုံအောင် ပလစ်စတစ်နဲ့ သေခြာထုပ်ပြီး သိပ်လျှင်လည်း ရပါသည်။ ဘယ်လို ကျွေးမလဲ။ ငှက်ပျောချဉ်ဖတ် ထက်ဝက်ကို ပြောင်းမှုန့် သို့မဟုတ် ဆန်ကွဲနဲ့ ရောကျွေးလို့ရနိုင်ပါတယ်။ ဖွဲနုနဲ့လည်း ရောကျွေးနိုင်ပါသည်။ မှတ်ချက် အချိုးကို ကုန်နိုင်သလောက် ပမာဏဖြင့် မိမိရှိ ဝက်ကောင်ရေပေါ်မူတည်၍ ပြုလုပ်ပါ။ (Credit_မွေးမြူရေးဦးစီးဌာန)
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးနဲ့ပတ်သက်ပြီး ဝက်အမျိုးအစား အဟာရဖြစ်အောင် အစာကျွေးပုံ ဝက်ကျန်းမာရေး စာစောင်များ ရေးပေးပါဦးခင်...
ဖြေကြားချက် 4 ခု
ဝက်မွေးမြူရေး အကြောင်း တင်ပြပေးစေလိုပါတယ်။မြန်မာနိုင်ငံမှာ အများဆုံးမွေးတာ ဝက် ပါ။။တောရွာတွေမှာ အိမ်တိုင်း နီး...
ဖြေကြားချက် 4 ခု
ဝက်တွေကိုစနစ်တကျဘယ်လိုမွေးရမလဲ
ဖြေကြားချက် 4 ခု
ဝက်မွေးြမူရေးအေြကာင်းကို အသေးစိပ်ရှင်းြပပါ။
ဖြေကြားချက် 2 ခု
ဝက်မွေးမြူရေးစာအုပ်ဘယ်မှာဝယ်လို့ရမလဲဗျ
ဖြေကြားချက် 1 ခု