ကျေးဇူးရှင်များ ခမျာ ကျွန်တော် ဒီမှိုမျိုး စိုက်စမ်းကြည့်ချင်လို့ စိုက်ပုံ ပျိုးပုံလေးများ မိတ်ဆွေတို့ သိတဲ့အထဲက နည်းနည်းမျှဝေပေးပါအူး အစ စိုက်မှာမို့လိုပါ ကူညီပေးကြပါအူး
ရွှေအပ်မှိုသည် ရိုးတံရှည်ပြီး သေးသွယ်သော မှိုတစ်မျိုးဖြစ်ပါသည်။ အလေ့ကျပေါက်သည့် မှိုသည် ရိုးတံတိုပြီး အရောင်ပါရှိပါသည်။ စိုက်ပျိုးမှိုမှာမူ ရိုးတံရှည်ပြီး အရောင်ဖြူကာ အပွင့်သေးပါသည်။ ပတ်ဝန်းကျင်အခြေအနေချင်းမတူသည်နှင့် အမျှ ထွက်လာသည့် မှိုပွင့်လည်း လုံးဝမတူဘဲ အလင်းရောင်ရရှိလျှင် အရောင်ညိုပြီး ရိုးတံတိုကာ အပွင့်ကြီးလာတတ်ပြီး အလင်းရောင်နည်းပါက အရောင်ဖြူပြီး ရိုးတံရှည်ကာ အပွင့်သေးလာပါသည်။ ထို့ကြောင့် ဂျပန်မှိုပညာရှင်များက အလင်းရောင်နည်းသော အခန်းထဲတွင် ပလပ်စတစ်ဗူးများဖြင့် စိုက်ပျိုးကြရန် ထောက်ခံချက် ပေးထားပါသည်။ ရွှေအပ်မှိုစိုက်ပျိုးရန်အတွက် ရောစပ်စာပြုလုပ်နည်းမှာ အခြားမှိုမျိုးများအတိုင်း ဖြစ်ပြီး အသုံးပြုသည့် လွှစာတွင် ဝက်သစ်ချလွှစာထက်ဝက်ခန့် ရောနှောစပ်ပေး၍ ဖွဲနုကိုလည်း ၅-၇% အထိထည့်မှသာ မှိုမျှင်ဆင်းအား ကောင်းမွန်ကြောင်း စမ်းသပ်ချက်များအရ သိရှိရပါသည်။ မှိုမျိုးထည့်ပြီးသော စိုက်ထုပ်/စိုက်ဗူးကို မှိုမျှင်ရင့်ကျက်စေသော ကာလအတွင်း အပူချိန်ကို ၂၀-၂၃ ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း ထိန်းထားပေးရန် လိုအပ်ပါသည်။ မှိုမျိုးထည့်ပြီး ၂၀ရက်မှ ၃၀ရက်အတွင်း မှိုမျှင်ပြည့်လာနိုင်ပါသည်။ စိုက်ပျိုးနည်း မှိုမျှင်များပြည့်လာပါက စိုက်ခန်းချ စိုက်ပျိုးနိုင်ပြီ ဖြစ်ပါသည်။ ရွှေအပ်မှိုကို အပူချိန် ၁၀ဒီဂရီစင်တီဂရိတ်မှ ၁၈ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးနိုင်သော်လည်း အသင့်တော်ဆုံး အပူချိန်မှာ ၁၃ဒီဂရီစင်တီဂရိတ်မှ ၁၅ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပြီး လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း ထိန်းထားပေးရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ဆိုလျှင် လေအေးပေးစက်အသုံးပြုပြီး စိုက်ပျိုးမှသာ ဖြစ်ထွန်းအောင်မြင်နိုင်ပါသည်။ စိုက်ခန်းအတွင်း အလင်းရောင်များပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု 1000 ppm ထက်နည်းပါက ရိုးတံတိုတုတ်ပြီး အပွင့်ပွင့်လာနိုင်သောကြောင့် အပွင့်သေးပြီး ရိုးတံရှည်ကာ အရောင်ဖြူသည့် ဈေးကွက်ဝင်မှိုများ ရရှိစေရန်အတွက် အလင်းရောင်နည်းသည့် အခန်းထဲတွင် စိုက်ပျိုးသင့်ပါသည်။ မှိုသန္ဓေခဲများ စတင်ထွက်ရှိလာလျှင် ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ပိုမိုများပြားလာစေရန်အတွက် ဗူးနှုတ်ခမ်းမှိုပွင့်ထွက်မည့် နေရာတွင် ဖလင်ပြားပတ်ထားပေးရန် လိုအပ်ပါသည်။ မှိုပွင့်၏ ရိုးတံအရှည် ၁၅စင်တီမီတာခန့် ရှိလာလျှင် စတင်ခူးဆွတ်နိုင်ပါသည်။ ပထမအကြိမ်ခူးဆွတ်ပြီးလျှင် အစိုဓာတ်နည်းပါက ရေပါးပါးဖျန်းပေးသင့်ပြီး ရက်သတ္တပတ် ၂-၃ ပတ်ကြာချိန်တွင် ဒုတိယအကြိမ် ပြန်လည်ခူးဆွတ်နိုင်ပါသည်။ ရွှေအပ်မှိုသည် အရသာ၊ နူးညံ့မှု၊ အနံ့၊ အရာင် အစရှိသည့် စားသုံးမှုဆိုင်ရာ အရည်အသွေးကောင်းရုံသာမက ဆေးဘက်ဝင်အာနိသင်များစွာ ပါရှိသောကြောင့် စားသုံးသင့်သလို စိုက်ပျိုးသင့်သော မှိုတစ်မျိုးလည်း ဖြစ်ပါသည်။ Reference- စိုက်ပျိုးရေးဦးစီးဌာန (မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းများစာအုပ်)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တောင်ကြီးမှာစိုဘယ်လိုလုပ်ပြီးစိုက်ရမှာလဲဗျ
ဖြေကြားချက် 1 ခု
ဗေဒါနဲ့ စိုက်တဲ့အခါ ဗေဒါကို အပေါ်ကဖုံးတာလား နွားချေးကို အပေါ်ကဖုံးတာလား နွားချေးထည့်တာကရော ပုံးမှန်အတိုင်းပဲ...
ဖြေကြားချက် 1 ခု
ပျိုးမှိုကိုဘယ်လိုပျိုးရလည်းနည်းလမ်းလေးညွ ုန်ပြပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု
ကောက်ရိုးမှို အတွက် ဘာတေလိုအပ်မလဲဗျ
ဖြေကြားချက် 2 ခု
ကောက်ရိုး မှို စိုက်နည်ပညာ သိချင်လို့ပါ။
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။