အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၃ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

ကြက်သွန်နီစိုက်ပျိုးနည်း ~~~~~~~~~~~~~~~~ ရေမြေရာသီဥတု ကြက်သွန်နီစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ မြေသြဇာထက်သန်သော မြေမွဖြစ်၍ အစိုဓာတ်များစွာ ရှိရမည်။ရေပိုရေလျှံရှိလျှင် အလွယ်တကူထုတ်ပစ်နိုင်သည့် နေရာလဲဖြစ်ရမည်။ အပင်ငယ်စဉ် အစိုဓာတ်လိုအပ်လျက် နုတ်သိမ်းချိန်တွင် ရာသီဥတုနှင့် မြေဓာတ်ပါ ခြောက်သွေ့မှသာ ကြက်သွန်ကောင်းအဖြစ်ထွက်ပေါ်လာမည်။အပူအအေးသင့်တင့်သော ရာသီဥတုကို နှစ်သက်၍ သာမာန်အားဖြင့် နေ့တာရှည်ပြီး အပူချိန် အသင့်တင့်ရှိပါက ဥဖြစ်ပေါ်မှုကို အားပေးသည်။အပူချန်သည် ပန်းခိုင်ထွက်ခြင်းကို စိုးမိုး၍ အပူချိန် (၁၀-၆၀ ဒီဂရီ စင်တီဂရိတ်) တွင်နေ့တာ ၉နာရီမှ ၁၂ နာရီရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။ မြေပြုပြင်ပုံ ရွှေ့စိုက်ပြီးချိန်မှစ၍ ကြီးထွားမှုနှေးသည့် သီးနှံဖြစ်၍ ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံးပျက်စီးတတ်သည်။ ပေါင်းမြက်ကြိုတင်နှိမ်နင်းနိုင်ရန် ထယ်အကြိမ်ကြိမ်ထိုး၍ ထွန်ရေးညက်အောင်ထွန်ပြီး ကြမ်းရိုက်၍ ဘောင်စနစ် (သို့) ကန်သင်းဖော်၍ စိုက်ပျိုးကြသည်။ မြေချဉ်ငန်ဓာတ် (၆-၇)ကို နှစ်သက်သည်။ မျိုးရွေးချယ်ပုံ ရွှေဖလား၊ ဘောင်စောက်၊ မတုံးဥမ္မာမျိုး၊ သပိတ်လုံး၊ ကျော်မင်းမျိုးစသည့် ဒေသမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်သည်။ တစ်ဧက ပမာဏအတွက် ၁ပြည်လျှင် အလေးချိန် (၇၅-၈၀) ကျပ်သားရှိသည့် မျိုးစေ့ ၂ပြည်မှ ၄ ပြည် ခန့်သုံးသင့်သည်။ ပလက်တီနမ်၊ လူစီဖာ၊ ဖလဲနှင့် နိုးရီးယင့် စပါမျိုးများကိုလည်း စိုက်ပျိုးကြသည်။ ပျိုးထောင်ပုံ ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန် ပျိုးခင်း ဧက၀က် ရှိရမည်။ သန်စွမ်းသော ပျိုးပင်များ ရရှိစေရန် ပျိုးဘောင်ကို နွားချေး၊ မြေဆွေး၊ စက်ဖွဲပြာများချ၍ ကောင်းစွာ ကြေညက်သည့်တိုင် ထွန်ယက်ရမည်။ ထို့နောက် အကျယ် (၂-၃) ပေ၊ အမြင့် ၆ လက်မရှိသော ပျိုးဘောင်များပြုလုပ်ရမည်။ မျိုးစေ့များကို ညီညာစွာ ကြဲပက်၍လည်း စိုက်ပျိုးကြသည်။ပေါင်းလိုက် လွယ်ကူစေရန် အတန်းလိုက်စိုက်ပျိုးသင့်သည်။ ပျိုးဘောင်ပေါ်တွင် အစေ့များကို အကြောင်းလိုက် စိုက်ပျိုးပြီး မြေမွ (သို့) နွားချေးမှုန့် ပါးပါးဖြူး၍ သဲကြမ်းဖြင့် ပြန်လည်ဖုံးအုပ်ပေးရမည်။ အညှောင့်ပေါက်ညီညာစေရန် ကောက်ရိုးပါးပါး ဖုံးအုပ်ပေးပါ။ အပင်ကလေးများ ထွက်ပေါ်လာသည့်တိုင် ရေပန်း ခရားဖြင့်ရေရွှဲရွှဲ လောင်းပေးရမည်။ အပင်လေးများကြီးမြင့်လာလျှင် ရေကို သင့်တော်ရုံမျှ စိုရုံလောက်လောင်းပေးပါ။ ပျိုးပင်များ ပြောင်းရွှေ့မစိုက်ပျိုးမီ ရေ ၁၀ ရက်ခန့် မပေးဘဲထားရမည်။ ပျိုးသက် ၁လခန့်တွင် ပျိုးဘောင် (၃* ၁၈)ပေ အရွယ် တစ်ဘောင်လျှင် ယူရီးယား နို့ဆီဗူး တစ်၀က်ကို ရေ ၈ ဂါလံဖြင့် လောင်းပေးပါ။ စိုက်ပျိုးပုံ စိုက်ခင်းအား မြေပြုပြင်ပြီးပါက ၂ပေ အကျယ်ထယ်ကြောင်းများ ဖော်၍ ဘောင်ဖော်ပေးရမည်။ ကန်သင်းဖော်၍ စိုက်ပါက ( ၉ * ၆ ) ပေကျင်းများ ဖွဲ့ပေးရမည်။ ထိုစနစ်မှာ ရေသွင်းစိုက်ပျိုးစနစ်ဖြစ်၍ ရေသွင်းမြောင်းများကို နှစ်ကျင်းကျော် တစ်မြောင်းဖောက်ပေးရမည်။ ပင်ကြား၊ တန်းကြား ( ၃*၄) လက်မဖြစ်၍ ပျိုးပင်အောက်ပိုင်းတုတ်နေသော အဖြူသားကို မြေနှင့် လုံစွာဖုံး၍ ခိုင်မြဲစွာနေရန် ပြုလုပ်ထားရမည်။ ၁ဧကလျှင် အပင်အရေအတွက် (၂၅၀၀၀၀-၃၀၀၀၀၀) အထိ ၀င်အောင်စိုက်ပျိုးရမည်။ ပျိုးထောင်စိုက်ပျိုးသော ကြက်သွန်မှာ တစ်ခါတည်းစိုက်ပျိုးသည့် ကြက်သွန်ထက် ၂ ပတ်ခန့် စော၍ရင့်သည်။ မြေသြဇာထည့်ပုံ ၁ဧကအတွက်သုံးရန် ပမာဏများမှာ အောက်ပါအတိုင်းဖြစ်သည်။ နွားချေး - ၁၀-၁၅ တန် ယူရီးယား - ၂ အိတ် တီစူပါ - ၂ အိတ် ပိုတက်ရှ် - ၁ အိတ် အပင်ပြုစုပုံ ကြက်သွန်နီ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် ပေါင်းနှိမ်နင်းရန် လိုအပ်သည်။ကြက်သွန်အမြစ်သည် မြေအပေါ်ယံတွင်သာရှိ၍ သံစည်ပတ်ပြားကို ကွေး၍ လက်ကိုင်တပ်ထားသော ခြစ်ဖြင့်ပေါင်းရှင်းကြသည်။အရွက်များ စတင်ကျချိန်တွင် ပေါင်းရှင်းရန် မလိုတော့ပါ။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးပါ။ ပန်းဖူးများကို အပတ်စဉ်ချိုးပေးရမည်။ ကြက်သွန်စိုက်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုအပ်သဖြင့် ရေသွင်းရန် လိုမလိုကို ကြက်သွန်ပင်အခြေအနေကြည့်၍ သိနိုင်သည်။ကြက်သွန်ပင်သည် ရေငတ်လျှင် အရွက်များပြာမှိုင်း၍ နွမ်းလာသည်။ မြေအလွန်ခြောက်အောင်ထားပြီး ရေသွင်းလျှင် အခွံများအက်ကွဲတတ်သည်။ပုံမှန်အားဖြင့် ၁ပတ်လျှင် ၁ကြိမ် ရေပေးသွင်းရမည်။ ပူပြင်းသော ရာသီအတွက် ၄ရက်ခြား (သို့) ၅ရက်ခြား ရေပေးသွင်းရန် လိုအပ်သည်။ မြေသားအပေါ်မူတည်၍ ရေသွင်းချိန် ၅ကြိမ်မှ ၈ကြိမ် အထိရှိရမည်။ ရောဂါပိုးများ မိုးအုံ့ခြင်း၊ မိုးဖွဲဖွဲရွာခြင်း စသည့် ရာသီဥတုဖောက်ပြန်ပါက မှိုရောဂါစွဲကပ်နိုင်၍ မှိုသတ်ဆေးဖြင့် ကြိုတင်ကာကွယ်ရမည်။ လှေးပိုး၊ ခါးရိရောဂါ၊ ပျပိုး၊ တောက်တဲ့မြီးရောဂါများ အတွက် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်ပြီး အပင်စုပ်ပိုင်းကျရောက်မှု အခြေအနေပေါ်မူတည်၍ ပင်လုံးပြန့်ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်ပါ။ အူတိုင်ပုပ်တတ်သော ရောဂါများ ကာကွယ်ရန် စိုက်ပျိုးစဉ်တွင်လည်းကောင်း၊ နုတ်သိမ်းပြီးနောက်လည်းကောင်း၊ သိုလှောင်ရာတွင်လည်းကောင်း ကြက်သွန်ကို တတ်နိုင်သရွေ့ ခြောက်သွေ့အောင်ထားရမည်။ နုတ်သိမ်းပုံ အမြိတ်စားဖြစ်ပါက ကြက်သွန်ငယ်စဉ် ခဲတံလုံးအရွယ်ရှိလျှင် လက်ဖြင့်ဆွဲနှုတ်ယူနိုင်သည်။ကြက်သွန်များ ရင့်လာပါကအပင်အပ်ါပိုင်းသည် နွမ်းလာသည်။ဥများကို လက်ဖြင့် ညှစ်ကြည့်ပါက မာနေသည်ကို တွေ့ရမည်။ ရင့်ချိန်နီးလာပါက ကြက်သွန်ခင်းအပေါ်သို့ ဒလိမ့် (သို့) စည်ဖြင့်လှိမ့်ပေးပါ။ အပင်အပေါ်ပိုင်းကျိုးပြီး ဥများမြန်မြန်ရင့်မှည့်စေသည်။ ဥကြီးအတွက် နုတ်ယူပါက အရွက် ၁၅ % မှ ၂၅ % ခြောက်လာလျှင် လက်ဖြင့်နှုတ်သိမ်းပါ။ အရွက်အားလုံးခြောက်မှ သိမ်းယူပါက လက်ဖြင့် နုတ်ရန် မလွယ်ကူတော့ပါ။ ဥများကို နှုတ်ယူပြီး အရွက်မဖြတ်ဘဲ ၁ ပတ်ခန့် အရိပ်အောက်တွင်ထားရမည်။ ထို့နောက် အရွက်ကို ၂လက်မခန့် ချန်၍ဖြတ်ပြီး လေ၀င်လေထွက်ကောင်းသော အရိပ်အောက်တွင်ထားရမည်။ စပ်မျိုးများသည် ဥအရွယ်အစားညီ၍ တစ်ပြိုင်နက် နုတ်ယူနိုင်သည်။ ဖူးတံမထွက်၍ ၁ဧက (၈၀၀၀) မှ (၁၀၀၀၀) ထိ ထွက်ရှိနိုင်ပါသည်။ #crdကိုအောင်၀င်းထွဋ်

80,436 လွန်ခဲ့သော ၆ နှစ် က
47,132 လွန်ခဲ့သော ၆ နှစ် က

ကြက်သွန်နီ စိုက်ပျိုးနည်း စာတန်းလေးဖိလေ့လာပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။