အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

ပုံမှာကအရွက်ဖျားလေးတွေတင် ခြောက်နေတာပဲ မြင်ရလို့ ကိုယ့်ရဲ့ အခြားအပင်တွေကိုပါ တစ်ချက်စစ်ကြည့်ပါ အရွက်တွေက အရွက်ဖျားရဲ့ အပေါ်လေးတင်ပဲ ခြောက်နေလား ဒါမှမဟုတ် အရွက်အဖျားကနေ အောက်ဘက်တွေပါ လိုက်ပြီး ခြောက်နေသလား ခွဲကြည့်ပါ ဘာလို့ဆို အရွက်အဖျားလေးတင်ပဲ ခြောက်နေတာက potassium ဓာတ် ချို့တဲ့တာလည်း ဖြစ်နိုင်လို့ပါ ပြီးတော့ အရွက်စွန်းဝါနေတာတွေက လှိုင်းတွန့်တွေလည်း ရှိနေတာ မမြင်လို့ပါ သေချာ ကြည့်ကြည့်ပါ တစ်ချို့ပုံမှာမြင်နေရတာဆိုရင် တွန့်မနေဘဲ တစ်ဖြောင့်တည်းဝါနေတာတွေ့လို့ပါ အဲ့လိုသာဆို ပိုတက်ဆီယမ် ချို့တဲ့တဲ့လက္ခဏာဖြစ်သွားနိုင်ပါတယ် တကယ်လို့ ဘတ်တီးရီးယား ရွက်ခြောက်ဆိုရင်တော့ အပေါ်မှာ ညွှန်းထားတဲ့ ဆေးတွေ အသုံးပြုနိုင်ပါတယ်

68,534 လွန်ခဲ့သော ၆ နှစ် က

မနက်ပိုင်းလောက်ကို အပင်မှာ ပယင်းရောင် ဘတ်တီးရီးယား ‌စိမ့်ထွက်ရည်အလုံးလေးတွေထွက်နေလား စစ်ဆေးကြည့်ပါ။ ဘတ်တီးရီးယားရွက်ခြောက်ရောဂါသေချာရင်တော့ ကော့ပါးအောက်ဇီကလိုရိုက်(copper oxychloride) ၊ ကော့ပါး ဟိုက်ဒရောဆိုက် (copper hydroxide)၊ ကာဆူကာမိုင်စင် (kasugamycin) စတာတွေပါတဲ့ ဆေးတမျိုးမျိုးကို အညွှန်းအတိုင်းသုံးနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။