အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,984
လွန်ခဲ့သော ၆ နှစ် က · အမရပူရ

ခရမ်းချဥ်ပင်က. ထိပ်ညွန့်ရွက်လိပ်နေလိူ့ ဘယ်လိုဆေးသုံးရမလဲရှင့် ပိုးလဲကြနေပါတယ် အလင်းပြပေးပါဦးရှင့်

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်အရွက်တွန့်ရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၉ ခု

3,278 လွန်ခဲ့သော ၆ နှစ် က
82,997 လွန်ခဲ့သော ၆ နှစ် က

အရွက်တွန့်ရောဂါ ဖြစ်နေတယ်ဗျ။ ယင်ဖြူက သယ်ဆောင်လာသော ဗိုင်ရပ်ကြောင့် ဖြစ်ပါတယ်။ ကုသရခက်ခဲသည့်အတွက် ယခင်နှစ် ရောဂါကျပြီးသော မျိုးစေ့များကို အသုံးမပြုသင့်ပါဘူး။ ပင်ကြွင်းပင်ကျန်များကို မီးရှို့ ဖျက်ဆီးပေးပါ။ ခရမ််းချဉ် ၊ ပဲမျိုးရင်ဝင်မဟုတ်သော သီးနှံများနှင့် သီးလှည့် စိုက်ပေးပါ။ ယင်ဖြုကို အီမီဒါကလို ပရပ်စ်၊ ဒိုင်မီသိုအိတ်ပါသော ဆေးများကို ပက်ဖျန်းနိုင်ပါတယ်။ အဖြေနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ဗျ။

1,984 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ရှင့်

1,806 လွန်ခဲ့သော ၆ နှစ် က

အကြောင်းစုံမေးမြန်းချင်တယ်ဆိုရင်တော့fb မှာမေးနိုင်ပါတယ်ဗျာ

1,806 လွန်ခဲ့သော ၆ နှစ် က

စိုက်ကျင်းအနက်က တစ်ပေအနက်ပါ

1,806 လွန်ခဲ့သော ၆ နှစ် က

ခရမ်းချဉ်ပင်ပြုစုမှု့လေးပြောပါရစေ စိုက်ကျင်း1လက်မအနက်တူးပါ မြေဆွေးထည့်ပီး မြေပေါ်6 လက်မအမြင့်ထိအောင်မြေဆွေးထည့်ပီး ပလပ်စတစ်အုပ်ပီး ခရမ်းချဉ်ပင်စိုက်မယ့်နေရာလေးတင် အပေါက်ဖောက်ပီး အပင်စိုက်ပါ ပေါင်းမြက်မပေါက်တဲ့အတွက် မြေဆီလွှာက ခရမ်းချဉ်ပဲ အားပေးတဲ့အတွက် 100% ဖြစ်ပါတယ် ပိုးသက်ဆေး အေးဆေး တစ်လတစ်ကြိမ်ပဲဖြန်ပေးယုံဆိုရပါပီ

1,806 လွန်ခဲ့သော ၆ နှစ် က
1,806 လွန်ခဲ့သော ၆ နှစ် က
1,806 လွန်ခဲ့သော ၆ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။