အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,223
လွန်ခဲ့သော ၆ နှစ် က · ဖားကန့်

စပါးပင်ရဲ့ ကြီးထွားပုံအဆင့်ဆင့်ကို ပုံနှင့်တကွရှင်းပြပေးကြပါလားခင်ဗျာ မသိသေးတဲ့သူတွေသိနားလည်အောင် သိပြီးသားသူ...

စပါးပင်ရဲ့ ကြီးထွားပုံအဆင့်ဆင့်ကို ပုံနှင့်တကွရှင်းပြပေးကြပါလားခင်ဗျာ မသိသေးတဲ့သူတွေသိနားလည်အောင် သိပြီးသားသူတွေလည်းပိုပြီးတိတိကျကျသိစေချင်လို့ ဗဟုသုတအနေနဲ့ပါ

စိုက်ပျိုး ဗဟုသုတ စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

1,223 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးအများကြီးတယ်ခင်ဗျာ

5,231 လွန်ခဲ့သော ၆ နှစ် က

စပါးပင်မှု့ိကပ်ချိန်မှအနှံစထွက်ချိန်ထိရက် ၃၀ နဲ့အနှံစထွက်ချိန်မှရင့်မှည့်ရိတ်သိမ်းချိန်အထိရက် ၃၀/၃၅ ရက်ဖြစ်ပြီးစုစုပေါင်းရက် ၆၀မှ၆၅ရက်ကစပါးမျိုးတိုင်းပုံသေကြာမြင့်ပါတယ်စပါးသက်တမ်းခြားနားချက်ရက်ကရှေ့ပိုင်းအညှောင့်ပေါက်သည်မှမှု့ိကပ်ချိန်အထိရက်ပေါ်မူတည်ပြောင်းလဲသွားပါတယ်

100,154 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါရှင့် စပါးပင်မှာဆိုရင် အဆင့်သုံးဆင့်ရှိတယ် vegetative stageလို့ခေါ်တဲ့ ပင်ပိုင်းကြီးထွားမှုအဆင့်၊ reproductive stage လို့ခေါ်တဲ့ မျိုးပွားမှုအဆင့်၊ နဲ့ Ripening stage လို့ခေါ်တဲ့ ရင့်မှည့်တဲ့ အဆင့်ဆိုပြီး ၃ဆင့် ရှိပါတယ် တစ်ဆင့်စီကို ယေဘုယျအားဖြင့် ရက် ၃၀ ဝန်းကျင်လောက် ကြာတတ်ပါတယ် ဒါပေမယ့် သက်လျင် သက်လတ် သက်ကြီး ဆိုတဲ့ စပါးမျိုးတွေပေါ် မူတည်ပြီးတော့ အနည်းနဲ့အများ ကွာခြားမှု ရှိတတ်ပါတယ်ရှင့် Vegetative အဆင့်မှာဆိုရင်တော့ အပင်ပေါက်တာကနေစပြီး ပင်ပွားအများဆုံး ထွက်တဲ့အချိန်အထိ ပါဝင်ပါတယ် Reproductive stageမှာကတော့ အနှံထွက်တဲ့ကာလတွေပါဝင်ပါတယ် Ripening stageကတော့ ရိတ်သိမ်းချိန်အထိ ပါဝင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။