ဖြေကြားချက် ၁ ခု
ဟုတ်ကဲ့ပါ နဂါးမောက်ကို ကိုင်းစဖြတ်တော့မယ်ဆိုရင် အသီးမသီးတဲ့ရာသီဖြစ်ဖို့ လိုအပ်ပါတယ် ပြီးရင် အပင်သက် တစ်နှစ်မှ နှစ်နှစ်သားလောက် ရှိတဲ့ အပင်ဖြစ်ဖို့ လိုအပ်ပါတယ် ပြီးရင်တော့ ရောဂါ ကင်းစင်ရပါမယ် ဒဏ်ရာအနာတရတွေ ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ အပင်ဖြစ်ဖို့လိုအပ်ပါတယ် ဖြတ်တော့မယ်ဆိုရင် ၁၀လက်မကနေ ၁၅လက်မ လောက် အရှည်လေး ဖြတ်ပေးသင့်ပါတယ် ဖြတ်တဲ့အခါမှာလည်း ၄၅ဒီဂရီလောက် စောင်းပြီး ဖြတ်သင့်ပါတယ် ပြီးရင်တော့ ဖြတ်ထားတဲ့ နေရာကို မှိုဆေး တို့ပေးသုတ်ပေးရပါမယ် ပြီးရင်တော့ အမြစ်ထွက်တဲ့အထိ အရိပ်ရတဲ့နေရာမှာ ထားပေးဖို့ လိုပါတယ် ဒါမှ ရေဓာတ်ဆုံးရှုံးမှုကြောင့် အပင်သေဆုံးတာတွေ မဖြစ်နိုင်မှာပဲ ဖြစ်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နဂါးမောက်ပင်စိုက်နည်းနဲ့မြေသြဇာဘယ်လိုပြု့စုရလဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
နဂါးမောက်သီး စိုကိပျိူးနည်းလေး သိချင်လို့ ဘယ်အချိန်ဘယ်ရာသီ ဘယ်လိုမြေမျိုးမှာ ဖြစ်ထွန်းသလဲ ဗျ
ဖြေကြားချက် 2 ခု
မှိုလား၊ ပိုးလား၊ အဟာရလား၊ ဘယ်လိုလုပ်ရမလဲ အကြံပေးကြပါဦး။
ဖြေကြားချက် 2 ခု
နဂါးမောက်အကြောင်း အသီးခူးချိန်ရော ကြာချိန်
ဖြေကြားချက် 1 ခု
ရာသီဥတု
ဖြေကြားချက် 1 ခု