အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၆ နှစ် က · သပိတ်ကျဉ်း

မပွင့်မီနှင့်ပွင့်ပြီး ပိုးသတ်ဆေး အားဆေးများမည်သိုဘအသုံးပြာရမည် မည်သည့်ဆေးအသုံးပြုသင့်သည် ဘယ်ရက်ပိုင်းခြားများ...

မပွင့်မီနှင့်ပွင့်ပြီး ပိုးသတ်ဆေး အားဆေးများမည်သိုဘအသုံးပြာရမည် မည်သည့်ဆေးအသုံးပြုသင့်သည် ဘယ်ရက်ပိုင်းခြားများတွင်သုံးစွဲရမည်ကိုသိလိုပါသည်

1

ဖြေကြားချက် ၁ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

မြေပြင်ချိန်မှာ PK အချိုးများတဲ့ မြေသြဇာကို သုံးနိုင်ပါတယ် ပြီးရင်တော့ အပင်၂ပတ်သားလောက်ကနေစပြီး FAA အသုံးပြုနိုင်ပါတယ် ပန်းစပွင့်ပြီးဆိုရင်တော့ ပုလဲ လက်ချားကို (4:1)နဲ့ စပ်ပြီး သီးကင်းဝင်ချိန်ထိ ဖျန်းပေးရပါမယ် ပိုးသတ်ဆေးကတော့ ပိုးကျတဲ့အပေါ်မူတည်ပြီး ဖျန်းပေးရပါမယ် ကျတတ်တဲ့ပိုးတွေကတော့ ရွက်စုံစားခူဝါ၊ နှမ်းစေ့စုပ်ဂျပိုး၊ နှမ်းပင်ဖျက်ပိုးတွေ ကျတတ်ပါတယ် ဆေးအနေနဲ့ကတော့ ကလိုပိုင်ရီဖော့ ဆိုက်ပါမီသရင် အီမာမတ်တင်ဘန်ဇိုအိတ် ကာတက်ဟိုက်ဒရိုကလိုရိုက် စတာတွေကို အကောင်ပေါ်မူတည်ပြီး ဖျန်းပေးလို့ရပါတယ် ပေါင်းကတော့ အပင်မပေါက်မီ မကြဲမီကတည်းက ဆေးဖျန်း ဒါမှမဟုတ် နှိမ်နင်းထားသင့်ပါတယ် အပင်ကို မထိခိုက်စေဘဲ ကြိုကာကွယ်ချင်တဲ့အနေနဲ့ ဖျန်းချင်ရင်တော့ တမာပိုးသတ်ဆေး ဖျန်းလို့ရပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။