ဘာဖြစ်တာလဲဗျဘာဆေးဖြန်းပေးရမလဲပြေပြပါ
ဘတ်တီးရီးယားကင်ကာ(အနာချိုင့်ရောဂါ)ကျရောက်နေပါတယ်။အနာချိုင့်ရောဂါဟာ ပူနွေးစိုစွတ်တဲ့ မိုးရာသီမှာ အများဆုံးကျရောက်လေ့ရှိပါတယ်။ရောဂါကျရောက်တဲ့ အစိတ်အပိုင်းများကို ရှင်းလင်းဖယ်ရှားပြီး စိုက်ခင်းနှင့်ဝေးရာမှာ မီးရှို့ဖျက်ဆီးပစ်ပါ။စိုက်ခင်းထဲ ပြန်မချပါနဲ့။တခြားအပင်တွေကို ကူးစက်နိုင်တာကြောင့်ပါ။ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားဟာ မိုး၊ရေ၊လေ၊အင်ဆက်ပိုးများ၊အပင်ပေါ်နားသောဌက်၊အသုံးပြုသော ပစ္စည်းကိရိယာတွေမှတဆင့် တခြားအပင်များသို့ ကူးစက်ပျံနှံ့နိုင်ပါတယ်။ဒါကြောင့် ရောဂါကူးစက်မှုမရှိအောင် အပင်စစိုက်ကထဲက ခံနိုင်ရည်ရှိပြီး ရောဂါကင်းသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ချောင်ထဲရောက်နေတဲ့ နေရောင်ခြည်ကောင်းစွာ မရတဲ့ ကိုင်းများကို ရှင်းလင်းဖယ်ရှားပေးပါ။အညွန့်သစ်ထွက်ချိန်တွင် ကော့ပါးပါဝင်သော ကာစူဂါမိုင်ဇင်(ဥပမာ-ကာစူမင်)ဖြင့် တကြိမ်ကြိုတင်ကာကွယ်ဖျန်းထားပါ။(၂-၃)လတစ်ကြိမ် ပိုတက်ဆီယမ်နိုက်ထရိတ်ေမြသြဇာကိုလည်း တပင်လျင် မြင်းခေါင်းဇွန်း (၃-၄)ဇွန်းနှန်းဖြင့် အပင်ရဲ့ ၆ လက္မပတ်လည်ကနေ မြေဆွထည့်၍ ရေလောင်းပေးပါ။ လောက်ကောင်အဆင့် ရွက်စားပိုး(လိပ်ပြာမျိုးနွယ်ဝင်)လည်းကျရောက်ထားပါတယ်။ဆေးအနေနဲ့ (ကလိုပိုင်ရီဖော့+ဆိုင်ပါမီသရင်)၊(အီမာမက်တင်ဘန်ဇိုအိတ်+လန်ဒါဆိုင်ဟေလိုသရင်)ပါဝင်သော ဆေးအဆိပ်တမျိုးမျိုးကို အညွှန်းစာအတိုင်း အသုံးပြု၍ ဖျန်းပေးပါ။ဥပမာ-ဆိုင်ကလုံး၊တင်ရှန့်၊ရယ်ဒီ၊အလန်း၊အီမာလန်ဒါ စသည်ဖြင့်ပါ။တပိုင်တနိုင် စိုက်ပျိုးထားတယ်ဆိုရင်တော့ တမာပိုးသတ်ဆေးဖျန်းလို့ ရပါတယ်။ဆေးဖျန်းမယ်ဆိုရင် ညနေစောင်းအချိန်တွေကို ဦးစားပေးဖျန်း၍ အပင်သာမက အပင်ခြေမြေကြီးပါ စိုရွဲအောင်ဖျန်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သံပုရာပင်မှာ သံချေးတက်နေလို့ ပျောက်ကင်းအောင် ဘာလုပ်ရမလဲ ခင်ဗျ
ဖြေကြားချက် 1 ခု
ကျွန်တော် EMဖျော်ရည်နဲ့စပါးအခွံကိုနယ်ပြီး တစ်လကြာတော့မြေကြီးနဲ့ရောမွှေပြီး အပင်၏အမြစ်ကိုအမြစ်သန်ဆေး(၁၀cc ကိုရေ...
ဖြေကြားချက် 0 ခု
သံပုညာအသီးတွေမှာ သံချေးလိုအပြောက့်တွေဖြစ်နေပါတယ် ဘာဆေးသုံးရင်ပြောက့်နိုင်မလဲသိချင်ပါတယ်ဗျာ
ဖြေကြားချက် 3 ခု
သုံပုရာပင်အရွက်တွေပိုးကိုက်တာ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ဘယ်လိုစပြီးစိုက်ပျိုးရမလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။