ပုံတည်းကအတိုင်းဖြစ်နေလို့ထုံးကန့်ဆေးရည်သုံးသင့်ပါသလားဘယ်ဆေးသုံးသင့်လည်းဖြေကြားပေးကြပါအရေးကြီးနေလို့ပါ
ငရျတ်ကိုင်းဖျားခြောက်ရောဂါ ကျရောက်နေပါတယ်။ ရောဂါရပြီးသော အပင်အစိတ်အပိုင်းများကို ဖယ်ရှားပေးပါ။ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးပါ၊ မျိုးစေ့ကို မစိုက်ပျိုးမှိမှိုသတ်ဆေး တစ်မျိုးမျိုးကို လူးနယ်စိုက်ပျိူးပါ။ ရောဂါကျရောက်လေ့ရှိပါက ပန်းမပွင့်မှီနှင့် သီးကင်းဝင်ချိန်တွင် မှိုသတ်ဆေးဖျန်းပးပါ၊ ကာဗာဒါဆင်၊ ဘီနိုမိုင်း ၊ကလိုရိုသာလိုနေး ၊ မန်ကိုဇက် စသောမှိုသတ်ဆေးများ အသုံးပြုနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရတာပါစိုက်ပျိုးရေးပညာရှင်များနှင့်တကွဘ၀တူတောင်သူများကူညီပေးကြပါကျွန်တော့ငရုတ်ပင်...
ဖြေကြားချက် 2 ခု
ငရုပ်ပင်ပင်စည်အောက်ခြေကခြောက်လိုက်လာလို့အပင်အရွက်တွေပါညိုးလိုက်လာလို့ဘာရောဂါကျတာလဲဗျဘာဆေးသုံးရမှာလဲသိချင်လို့...
ဖြေကြားချက် 4 ခု
ငြုပ်ပင်ကိုင်းလေးတွေချောက်ပြီနေတယ်ဘာရောဂါလဲးခင်ဗျဘာဆေးသုံးရမလဲးခင်ဗျ
ဖြေကြားချက် 3 ခု
အာ့ဒါ ဘာဆေးဖျန်းရမလဲရှင့် အစိမ်းရောင်လမ်းမှ ပညာရှင်များဖြေကြားပေးပါရှင့်
ဖြေကြားချက် 3 ခု
ငရုတ်ပင်တွေက ဘာလို့ ကွက်ကွက်ပြီး သေနေတာလဲဗျ။ ဘယ်လိုလုပ်ရမလဲ ပြောပေးကြပါဦး ဆရာတို့
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။