နေကြာကို တနင်္သာရီတိုင်းတွင် စိုက်ပျိုးနိုင်ပါသလား❓
အခုပြောမယ့်အချက်တွေနဲ့ ကိုက်လားကြည့် ကြည့်ပါ နေကြာက ငံတဲ့ဘက်သွားတဲ့မြေကို ပိုသဘောကျပါတယ် နည်းနည်းချဥ်တဲ့မြေဆိုရင်လည်းရပါတယ် မြေကြီးအရဆိုရင်တော့ သိပ်မရွေးပါဘူး ဒါပေမယ့် မြေအရမ်းမသိပ်သည်းဖို့လိုပါတယ် ဘာလို့ဆို သူ့အမြစ်က ဟိုးအနက်ကြီးအထိ ဆင်းနိုင်လို့ပါ ဒါကြောင့် မြေတော်တော် နက်ပြီး ညက်ဖို့ လိုပါတယ် ပြီးတော့ နေရောင်အပြည့်အဝရဖို့လည်းလိုပါတယ် ပြီးတော့ မိုးရွာပြီးရင် ရေဆင်းကောင်းတဲ့ မြေဖြစ်ဖို့လည်း လိုပါတယ် ဒါပေမယ့် မြေအမျိုးအစားတော့သိပ်မရွေးပါဘူး မြေဆီအတော်အသင့်ကြွယ်ဝပြီး စိုက်လို့အဆင်ပြေမယ့် မြေမျိုးဆို ရပါတယ် ပြီးတော့ လေအရမ်းထန်တဲ့ နေရာမျိုးဆိုလည်း အဆင်မပြေပါဘူး တစ်နှစ်ပတ်လုံး မိုးရွာနေတဲ့နေရာမျိုးဆိုလည်း အဆင်မပြေပါဘူးရှင့် ကိုယ့်ဒေသက အဲ့ဒီအချက်တွေနဲ့ အဆင်ပြေရင်တော့ စိုက်လို့ရနိုင်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နေကြာနဲ့ပတ်သက်ပြီး စိုက်ပျိုးနည်း နှင့် ဘယ်လိုဆေးတွေ အသုံးပြုသင့်လဲဆိုတာ ကူညီအကြံပေးကြပါ။ နေ့ရက်တိုင်းပျော်...
ဖြေကြားချက် 1 ခု
နေကြာအကြောင်းသိချင်လို့ပါ
ဖြေကြားချက် 2 ခု
နေကြာအကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
နေကြာ မ ျ ိုးစေ့ ဘယ်မှာဝယ်လို့ရလ စေ ျးနှုံးလေးသိခ ျင်ပါတယ်
ဖြေကြားချက် 0 ခု
ရေနက်ကွင်း မိုးစပါးရိပ်သိမ်းပြီး ဆီထွက်သီနှံ /မည်သည့်ပဲမျိုး စိုက်ပျိုးသင့်သနည်း
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။