အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Pyae Phyo Thein
လွန်ခဲ့သော ၅ နှစ် က · ရေကြည်

ပဲယင်းစိုက်မှာပါ မစိုက်ခင်ဘာမြေခံတွေခံသင့်လဲခင်ဗျာ့ စိုက်ပျိုးပီးရင်လဲဘာတွေသုံးရလဲ စျေးကွက်အခြေအနေရောကောင်လား တစ်ချက်လောက်အလင်းပြပေးပါ ဒီနှစ်မှစစိုက်မှာမလို့ပါ

စိုက်ပျိုးနည်း ပဲယင်း
3

ဖြေကြားချက် ၃ ခု

Nyan Lynn Htet
Nyan Lynn Htet 5,291 လွန်ခဲ့သော ၅ နှစ် က
Nyan Lynn Htet
Nyan Lynn Htet 5,291 လွန်ခဲ့သော ၅ နှစ် က

 ပဲယင်းကို မြေအမျိုးအစား အတော်များများမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ရေစီးရေလာကောင်းတဲ့ နုန်းမြေတွေနဲ့ မြေဩဇာကြွယ်ဝတဲ့ သဲနုန်းမြေတွေမှာတော့ ပိုပြီးသင့်တော်ပါတယ်။ ဒါပေမယ့် ဆားပေါက်တဲ့မြေ၊ သဲဆန်တဲ့မြေနဲ့ ရေဝပ်တဲ့မြေတွေမှာတော့စိုက်သင့်ပါဘူးဗျ။ - ပဲယင်းစိုက်မယ့်မြေကို ထယ်နက်နက်တစ်ကြိမ်နဲ့ ထွန်ရေးနှစ်ကြိမ်ဝင်ပြီး မြေပြင်သင့်ပါတယ်။ စိုက်မယ့်မြေမှာရှိတဲ့ ပေါင်းမြက်အမှိုက်တွေနဲ့ ရိုးပြတ်တွေကို ရှင်းပေးပါ။  - ထယ်ထိုးထွန်မွှေနေစဉ်အတွင်း သဘာဝမြေဆွေးများ၊ နွားချေးများ ထည့်ပေးပါ။ ဓာတ်မြေဩဇာများအဖြစ် ပုလဲ (၆-၈) ပြည်၊ တီစူပါ (၂၀-၂၄) ပြည်နှုန်းဖြင့် ထည့်ပေးပါ။  - ပဲယင်မျိုးစေ့တွေကို တန်းကြား (၁၀-၁၂) လက်မ၊ ပင်ကြား (၄-၅) လက်မ ထား၍ အတန်းလိုက်စိုက်ပါ။ မျိုးစေ့တွေကို မြေကြီးအနက် တစ်လက်မထားစိုက်ပြီး ရေအနည်းငယ်ဖျန်းပေးပါ။

မေမြတ်မော်
မေမြတ်မော် 47,134 လွန်ခဲ့သော ၅ နှစ် က

ပဲယင်းစိုက်ပျိုးနည်း စာတန်းလေးဖိပြီးလေ့လာကြည့်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။