အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
လွန်ခဲ့သော ၆ နှစ် က · လှည်းကူး

ခရမ်း ပင် ဘာရောဂါဖြစ်တာလဲခင်ဗျ ကျန် တဲ့ အပင်တွေ ရော ကူးဆက်ပျံ့ ပွားနိုင်ပါသလား ဘယ်လို ဆေးနဲ့ ကု နိုင် ပါသလဲ

ပိုးမွှားရောဂါ ခရမ်းသီး
Post image

ဖြေကြားချက် ၄ ခု

ဒေါ်သိန်းဆင့်
ဒေါ်သိန်းဆင့် 120 လွန်ခဲ့သော ၆ နှစ် က

ခရမ်းပျိုးတဲ့နည်းစနစ်လေးသိချင်ပါတယ်ကျေးဇူပြု၍ဖြေပေးပါ

U Zaw Ye Thu
U Zaw Ye Thu 83,027 လွန်ခဲ့သော ၆ နှစ် က

ယင်ဖြူသည် ပင်ရည်ကိုစုပ်စားပြီး သီးနှံပင်ထဲသို့ တံတွေးအဆိပ်ကို ထိုးသွင်းသည်။ ယင်ဖြူ စုပ်စားခံရသောအပင်များတွင် ရောင်မညီကွက်ကြား ရောဂါကို ဖြစ်စေသည်။ ယင်ဖြူ ကျရောက်ပါက အရွက်အောက်ဘက်တွင် ဥများ၊ လောက်ကောင်များနှင့် အရွယ်ရောက်ကောင်များကို တွေ့ရသည် ။ တစ်ခါတစ်ရံ အရွက်၏ အပေါ်မျက်နာပြင်ပေါ်တွင် အရွယ်ရောက်ကောင်များကို တွေ့ရတတ်သည်။ ကာကွယ်နှိမ်နင်းခြင်း ၁၊ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊  ၂၊ တမာပိုးသတ်ဆေးရည်များကို ဖြန်းပေးခြင်း၊ ၃၊ ငွေရောင် (သို့မဟုတ်)အလူမီနီယမ် ပလပ်စတစ်များဖြင့် ဖုံးအုပ်ပေးခြင်း ၄၊ အီမီဒါကလိပရစ်( Imidachloprid)၊ သိုင်ရာမီသောက်ဆင် (Thiamethozan) နှင့် ဒိုင်နိုတီဖျူရန်(Dinotefuran) စသော ဆေးများကို အသုံးပြု နိုင်သည်။

ဦးစိုးသန်းစံ
ဦးစိုးသန်းစံ 5,127 လွန်ခဲ့သော ၆ နှစ် က

ကျွန်နော့်ကအဟာတစ်မျိုးမျိုးလိုအပ်လို့ထင်တယ်

အိစက်ဝေ
အိစက်ဝေ 68,560 လွန်ခဲ့သော ၆ နှစ် က

ဗိုင်းရပ်စ်ရောဂါလက္ခဏာလို့ ယူဆရပါတယ်။ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရောဂါကတော့ ကုနိုင်တဲ့ ဆေးမရှိသေးပါဘူး။ တခြားအပင်တွေမကူးသေးခင် အပင်ကို နှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာမီးရှို့ဖျက်စီးပစ်တာအကောင်းဆုံးပါ။ စုပ်စားပိုးကတဆင့်ကူးစပ်တတ်တဲ့ ရောဂါဖြစ်တာမို့ စုပ်စားပိုးကိုနှိမ်နင်းတဲ့ ဆေးတွေနဲ့ စုပ်စားပိုးကို ကာကွယ်ပါ။ ‌တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်ဖျန်းပေးလို့လည်းရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။