ဖြေကြားချက် ၁ ခု
အနှံထွက်လုခါနီးမှယိုင်လဲရင်တော့ ကုစားဖို့ခက်ခဲပါလိမ့်မယ်၊ အပင်ယိုင်လဲတာဟာ စိုက်ပျိုးတဲ့မျိုး ၊စိုက်နည်းစနစ်နဲ့အပင်ပြုစုစောင့်ရှောက်မှုအခြေအနေများကြောင့်လည်းဖြစ်နိုင်ပါတယ်။ -ပထမအချက် အနေနဲ့ မျိုးကိုစဉ်းစားမယ်ဆိုရင် အပင်အရပ်ပုတဲ့မျိုးတွေကိုစဉ်းစားရမှာဖြစ်ပါတယ်၊ အထူးသဖြင့် ဒေသမျိုးတွေဟာ အထွက်ကောင်းမျိုးတွေလို အထွက်မကောင်းပေမဲ့လို့ အထွက်တည်ငြိမ်လုနည်းပါးမျိုးများဖြစ်ပါတယ်။ အပင်ယိုင်လဲသည့်တိုင်အောင် တံစဉ်လွတ်မဖြစ်နိုင်ပါ။ -ဒုတိယအချက်အနေနဲ့ကတော့ စိုက်နည်းစနစ်ကိုစဉ်းစားရမှာဖြစ်ပါတယ်၊ ပျိုးထောင်စိုက်ပျိုးတဲ့ စိုက်ခင်းတွေဟာ ကြဲပက်စိုက်ပျိုးသောအခင်းများ၊ seeder ဖြင့်စိုက်ပျိုးသော စိုက်ခင်းများသည့် စပါးပင်အမြစ်မှာအောက်တမန်းပြင်အတွင်း မရောက်ပဲ တမန်းအပေါ်မျက်နှာပြင်တွင်သာ ပေါက်ရောက်နေရာယူရသဖြင့် အပင်ကြီးလာသောအခါ၊ အထူးသဖြင့် စပါးနှံထွက်ချိန်တွင် အလေးချိန် မခံနိုင်သောကြောင့် အပင်ယိုင်လဲခြင်းများဖြစ်လေ့ရှိပါသည်။ - တတိယအချက်မှာ မြေဩဇာသုံးစွဲရာတွင်လည်း ယူရီးယားမြေဩဇာသည် ပင်ပိုင်းကြီးထွားသည့်အဆင့်တွင်သာ သုံးစွဲရန်အသင့်တော်ဆုံးဖြစ်၍ ပင်ပိုင်းကြီးထွားမှုကုန်ဆုံးသော အနှံထွက်၊ ပန်းပွင့်ချိန်တွင် ကျွေးပါက ပင်ပိုင်းကြီးထွားမှုကိုအားပေးပြီး၊အပင်အရပ်ရှည်ကာ ယိုင်လဲမှုများဖြစ်လာနိုင်ပါသည်။ - စတုတ္ထ အချက်အနေဖြင့် အပင်စိပ်စိပ်စိုက်ခြင်းဟာလည်း အပင်ယိုင်လဲမှုကိုဖြစ်ပေါ်စေတတ်သဖြင့် မိမိစိုက်ပျိုးမဲ့မျိုးရဲ့သတ်မှတ်ထားတဲ့ ပင်ကြား၊တန်ကြား အကွာအဝေး အတိုင်းစိုက်သင့်ပါတယ်။ အပင်စိပ်စိပ်စိုက်ခြင်းဖြင့် ဓါတ်မြေဩဇာနှင့် တခြား အာဟာရဓါတ်များအား အပင်အချင်းချင်းအပြိုင် လုယှက်စားသောက်ရသဖြင့် အပင်အရပ်ရှည်ပြီး ယိုင်လဲခြင်းများဖြစ်ပေါ်စေပါသည်။ ထို့အပြင် မိုးရေသောက် လယ်မြေများတွင် ရေကိုသိုလှောင်ထားလေ့ရှိကြကာ ထိုသို့သိုလှောင်ထားခြင်းဖြင့် အပင်ငယ်စဉ်တွင် အသေအပျောက်များ၍ အပင်ကြီးလာလျှင်လည်း ယိုင်လဲမှုများဖြစ်ပေါ်တတ်ကြောင်း လေ့လာသိရှိရပါသည်။ (အမရဲ့မေးခွန်းကို စိုက်ပျိုးရေးဦးစီးဌာန call center မှကူညီဖြေဆိုပေးထားတာဖြစ်ပါတယ်ရှင့်)
ဆက်စပ်မေးခွန်းများ
စပါးပင်လေတိုက်လိုလဲသွားပါ.ဘာလုပ်ရင်ကောင်းမလဲ မြေသြဇာ တစ်ခုခုထည့်ရင်ရောကောင်းမလား အကြံပြုပေးပါဗျ..ကျေးဇူးပါ ဆရာ...
ဖြေကြားချက် 2 ခု
စပါးခင်းတွေအနှံထွက်လုနီးလဲတာဘယ်လိုလုပ်ကင်အဆင်ပြေမလဲပြောပေးပါ
ဖြေကြားချက် 1 ခု
ရှင်းပြပါ
ဖြေကြားချက် 0 ခု
အပင်ယိုင်လဲရတဲ့အကြောင်း
ဖြေကြားချက် 1 ခု
စပါးအနှံထွက်ခါစ မိုးရွာလေတိုက်ပြီး အကုန်လုံးပြားကုန်တာ စပါးအဖျင်းများနိုင်လားခင်ဗျာ ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ...
ဖြေကြားချက် 3 ခု