မြေပဲရှင့် ။ ဆွယ်ချချိန်မိုတစ်လလောက်မရွာဘူးရှင့် မြေပဲဥလည်းသိမ်မပါဘူး။
အပင်ကြီးထွားဖြစ်ထွန်းချိန်ရယ်..ပန်းပွင့်ချိန်ရယ်..သီးတောင့်ဖြစ်တည်ချိန်တွေဟာ အစိုဓာတ်အလိုအပ်ဆုံးအချိန်တွေဘဲဖြစ်ပါတယ်။မြေအစိုဓာ်ကလည်းမရှိ..မိုးကလည်းမရွာဆိုရင်တော့ ပန်းပွင့်မှုလည်းမကောင်း..အသီးတင်မှုလည်းနည်း..အစေ့အဆံလည်းမပြည့်ဝနိုင်တော့ပါ။၂နှစ်ဆက်တိုက်မိုးနည်းလာတာတွေ့ရပါတယ်။ဒါကြောင့်အဆင်ပြေအောင်လုပ်နိုင်တာကတော့ အစိုဓာတ်ထိန်းနိုင်တဲ့မြေဖြစ်အောင်ပြုပြင်ပေးသင့်ပါတယ်။နွားချေးဆွေး..ကြက်ချေးဆွေး..စပါးခွံ/ စပါးခွံဖွဲပြာ..သစ်ရွက်ဆွေး..သစ်စိမ်းမြေသြဇာများပိုမိုအသုံးပြုသင့်ပါတယ်။ရိုးပြတ်တွေကိုမီးမရှို့ဘဲ ထယ်မှောက်ပြီးသစ်ဆွေးမြေသြဇာအဖြစ်အသုံးပြုပါ။ပန်းမပွင့်ခင်မှာ ငါးအမိုင်နိုအက်စစ် ၂..၃ကြိမ်ဖျန်းပေးပါ။ပန်းပွင့်ချိန်မှသီးတောင့်ဖြစ်တည်ချိန်ထိ ပုလဲ +လက် ချား ရွက်ချန်းအားဆေးဖျန်းပေးပါ။အနည်းဆုံး၃ကြိမ်ခန့်ဖျန်းပေးပါ။နောက်တစ်ချက်က စိုက်ချိန်ကို အစိုဓာတ်မိအောင် စောစောစိုက်ပါ။မိုးခေါင်ဒါဏ်ခံနိုင်တဲ့/ဒေသနဲ့သင့်လျော်တဲ့သက်တမ်းတိုအထွက်ကောင်းမျိုးတွေရွေးချယ်စိုက်ပါ(ဥပမာ,ဆင်းပဒေသာ ၁၁,၁၂)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲစိုက်ထားတာတစ်လသားရှိပြီစိုက်ပြီးကတည်းကမိုးမရွာဘူး အာ့တာကိုရွက်ဖျန်းအားဆေးပတ်ရင်ကောင်းပါသလားရှင့်
ဖြေကြားချက် 3 ခု
မြေပဲပင် အပင်ကြီးထွားမှု့အဆင့်ဆင့်အလိုက်. . ရေလိုအပ်ချက်လေးတွေမျှဝေးပေးပါအုန်းခင်ဗျ
ဖြေကြားချက် 1 ခု
We are a startup with 3 acres of land next to Wunnatheikddi stadium in Ottara tsp. We can harvest 1200 liter o...
ဖြေကြားချက် 2 ခု
မြေပဲပင်ကို အပင်သက်တမ်းတစ်လျောက် ရေဘယ်လိုပေးရမလဲခင်ဗျ
ဖြေကြားချက် 1 ခု
ဆရာတို့မြေပဲစိုက်မယ်ဆိုရင်အစိုဓာတ်ကဘယ်လောက်လိုလဲဆရာနောက်ပြီးအပင်ကဘယ်လောက်အနက်ထားစိုက်ရမလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။