ဖြေကြားချက် ၃ ခု
နှမ်းရိုးမည်း ရောဂါ (Black Stem or Charcoal Rot) 11/01/2018 11:20 AM တွင်  စိုက်ပျိုးရေးဉီးစီးဌာန မှ ရေးသား ရောဂါ လက္ခဏာ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင် အနာကွက်ငယ်များ စတင်ဖြစ်ပေါ်သည်။ ရောဂါ ပြင်းထန်ပါက ရောဂါရ အပိုင်းရှိ တစ်ရှုးသားများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့် ဖြစ်လာသည်။ အခေါက်များလည်း ဖွာလန်၍ လာသည်။ ထို့ပြင် ယင်းတစ်ရှုးများပေါ်တွင် ခပ်မည်းမည်း အဖုကလေးများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုအချိန်တွင် နှမ်းပင်ခြေရင်းပိုင်းမှာ လုံးဝ မဲနက်ပြီး ပင်ပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာ ညှိုးစပြုလာသည်။ နောက်ဆုံး တပင်လုံး မဲခြောက်၍ သေသွားသည်။ ရောဂါက နှမ်းရိုးကို ခွဲကြည့်ပါက မှိုမျှင်စုများ တွေ့နိုင်သည်။ ကူးစက် ပျံ့နှံ့ခြင်း ရောဂါ ဖြစ်စေသောမှိုသည် မြေတွင်း၌ ကျန်ခဲ့သော အပင်ကြွင်းကျန်များပေါ်တွင် ခိုအောင်းနေလေ့ ရှိသည်။ နှမ်းပင်ဖြစ်လာချိန်တွင် မြေကြီး အစိုဓာတ် လွန်ကဲချိန်နှင့် ကြုံပါက ပင်ကျန်များပေါ်၌ ခိုနေသာ မှို၏ တိုက်ခိုက်မှုကို ခံရသည်။ ထို့ပြင် ရောဂါရ စိုက်ခင်းများမှ အခြား လယ်ယာသုံး ပစ္စည်းကိရိယာများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ၏ ခြေထောက်များတွင် ကပ်ပါသော မြေကြီးမှုန်တို့မှ တဆင့် တစ်ကွက်မှ တစ်ကွက်သို့ ကူးစက်နိုင်သည်။ ဤရောဂါသည် အပူချိန် (၃၅-၃၉) ဒီဂရီ စင်တီဂရိတ်ရှိချိန်တွင် ရောဂါ ပြင်းထန်လေ့ ရှိသည်။ ကာကွယ်နှိမ်နင်းနည်းများ စိုက်ခင်းရေ မဝပ်စေရန် ဆောင်ရွက်ပါ။ ကြားပေါင်းလိုက်ချိန်တွင် အပင်များ ထိခိုက်မှု မရှိစေရ။ သီးလှည့် စနစ်ဖြင့် စိုက်ပါ။ေ ရာဂါရ ပင်ကြွင်း၊ ပင်ကျန်များကို မီးရှို့၍ လည်းကောင်း၊ မြေမြုပ်၍ဆွေးမြေ့စေရန် ဆောင်ရွက်ပါ။ ပုလဲမြေသြဇာ လွန်ကဲစွာ အသုံးပြုမှုကို ရှောင်ပါ။ ပိုတက် မြေသြဇာကို အချိုးကျ သုံးစွဲပါ။ မန်ကိုဇက်၊ ဘီနိုမို်င်း စသည့် ဆေးများကို အညွှန်းပါ အတိုင်း ပက်ဖျန်းပါ။ မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် နည်းပညာများအား ပြန်လည် မျှဝေပါသည်။
azoxystrobin + Difenconazole သုံးနိုင်ပါတယ် ရေမဝပ်အောင် ဂရုစိုက်ပါ
EM နဲ့ဒိန်ချည် ဖျန်းလိုက်ပါ
ဆက်စပ်မေးခွန်းများ
နှမ်း ရိုးကြောင်လိုက်တာ အပင်အာဟာရကြောင့်လားဗျ ဘာ လုပ်ရင် ရမလည်းခင်ဗျ
ဖြေကြားချက် 10 ခု
နမ်းဖြူလေးပါ တောင်ပေါ်မှာစိုက်တာ အရွက်တွေခြောက်လာလိုပါ့ ဘာဖြစ်တာလဲသိဘူးဆရာတို့
ဖြေကြားချက် 1 ခု
ရိုးမည်းတွေထိုးနေတာဗျား ဘာလုပ်ရမလည်းမသိဘူး မိုးမရွာခင်ကဘာမှမဖြစ်ဘဲ မိုးရွာမှ တချို့သေးကုန်လို့ ကူညီပါအုံးဗျာ
ဖြေကြားချက် 1 ခု
နှမ်းရိုးမဲရောဂါကာကွယ်နည်း
ဖြေကြားချက် 2 ခု
အပင်တွေသေနေလို့ပါ
ဖြေကြားချက် 2 ခု