ဖြေကြားချက် ၂ ခု
ဒန့်ဒလွန်သီးကို အစိုဈေးကွက် သာမက အစေ့ခြောက်ကို ဓာတ်စာအဖြစ် ရောင်းချသည့် ဈေးကွက်တွင်ကျယ်နေ ---------------------------------------------------------- ဒန့်ဒလွန်သီးကို အစိုဈေးကွက် သာမက အစေ့ခြောက်ကို ဓာတ်စာအဖြစ် ရောင်းချသည့် ဈေးကွက်တစ်ခု တွင်ကျယ်နေကြောင်း ပဲခူးတိုင်း ဒေသကြီးရှိ ဒန့်ဒလွန်သီး တင်ပို့ရောင်းချသည့် ဈေးကွက်မှ သိရသည်။ ဒန့်ဒလွန်သီးတောင့်ကို တစ်လခွဲခန့် အချိန်ယူကာ စနစ်တကျအခြောက်ခံ၍ အစေ့ထုတ်ယူပြီး အဆီဓာတ်များသော ဝေဒနာရှင်များ၊ ဆီးချိုရောဂါနှင့် ဝမ်းချုပ်ရောဂါ ဝေဒနာရှင်များအတွက် ဓာတ်စာအဖြစ် ထုတ်လုပ် ရောင်းချရာတွင် ဝယ်ယူစားသုံးသူ များပြားနေခြင်း ဖြစ်သည်။ “အစိုခူးပြီး တစ်လကနေ တစ်လခွဲ အတွင်း အခြောက်ထပ် ခံရတယ်။ ခြံက ထွက်တာနဲ့ တိုက်ရိုက် တန်းရောင်းတာ ရှိသလို၊ ပရဆေးဖော်တဲ့ လုပ်ငန်းရှင် တွေကလည်း ဈေးနှုန်း သက်သက်သာသာနဲ့ အကုန်ယူပါတယ်။ သူတို့ယူတဲ့ဈေးနှုန်းကတော့ တစ်စေ့ကို ခြောက်ကျပ်၊ခုနစ်ကျပ်နဲ့ပါ။ အစေ့ အရေအတွက်နဲ့ အရည်အသွေးကတော့ ရောရာပါ။ ရသလောက်ယူပါတယ်။ သူတို့ဆီရောက်မှ သီးခြားဖယ်ထုတ်ပြန်ရွေးပြီး အရည်အသွေးမီတဲ့ အခြောက်စေ့ တစ်စေ့ကို ၁၂ ကျပ်နှုန်းနဲ့ ပြန်ရောင်းကြတာပါ။ အခြောက်အစေ့ကိုဘဲ အဆီပြန်ထုတ်တဲ့ ပြည်ပ ကုမ္ပဏီတစ်ခုကလည်း ချိတ်ဆက်တာ ရှိလာပါတယ်။ အစေ့ကို မြေပဲဆီလို ပြန်ထုတ်မှာပါ။ ဥရောပတိုက်မှာ ထုတ်လုပ်နေတဲ့ ရေမွှေးတွေက ဒန့်ဒလွန်ဆီကို အသုံးပြု ထုတ်တယ်လို့ သိရပါတယ်။ ဒန့်ဒလွန် အစေ့ကနေ ဆီထုတ်လုပ်တဲ့အခါ ခုနစ်နှစ်၊ ရှစ်နှစ်အထိကို ဆီချေးနံ့ မထွက်တဲ့ ဆီမျိုးကိုရရှိပါတယ်။ အခြောက်စေ့ကိုသိုလှောင်ထားမယ်ဆိုရင် နှစ်နှစ်အထိ အထားခံပါတယ်”ဟု ပဲခူးတိုင်း ဒေသကြီး၊ ဘုရားကြီး မြို့နယ်ရှိ ဒန့်ဒလွန်ပင် စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ကိုင်နေသူ ဦးလှသိန်းက ပြောသည်။ “ဒန့်ဒလွန်ပင် (ထိုင်းမျိုး) နှစ်နှစ် သက်တမ်းတွင် တစ်ပင်လျှင် အတောင့် ၂၀ဝ ပျမ်းမျှ ထွက်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှ အပင် ရေ ၅၀ဝ စိုက်သဖြင့် တစ်ဧကလျှင် ပျမ်းမျှအတောင့်ရေ တစ်သိန်းဝန်းကျင် ထွက်ရှိကြောင်း သိရသည်။ ဒန့်ဒလွန် (ထိုင်းမျိုး) အစိမ်းတောင့် တစ်တောင့်တွင် အစေ့ ၂၀ ထွက်ရှိပြီး မျိုးကောင်းသည့် ဒန့်ဒလွန်မျိုးများတွင် အစေ့ စုစုပေါင်း၂၈ စေ့မှ ၃၀ စေ့အထိ ထွက်ရှိနိုင်ကြောင်း သိရသည်။ “အစေ့ခြောက် ထုတ်လုပ်တဲ့အခါ စိုက်ပျိုးသူဘက်က ဝန်ဆောင်မှုအနေနဲ့ ကုန်ကျတာတော့ ရှိပါတယ်။ အသီးတွေ ကို အရွယ်ရောက်လာပေမယ့် မခူးသေးဘဲ အပင်ပေါ်မှာတင် အခြောက်ခံထားတာ ဖြစ်တဲ့အတွက် အပင်ပေါ်မှာ အသီးတွေရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိအောင်၊ အသီးအလေးချိန် ပိကျတာများလို့ ကိုင်းကျိုး မကျရအောင် စတီးကြိုးတန်းတွေနဲ့ ဝါးလုံးတွေကို အသုံးပြုပြီး ကိုင်းထောက်ပေး ရတာမျိုးတွေ ပြုလုပ်ပေးရပါတယ်။ ရောင်းချတဲ့ အခါမှာတော့ အစေ့ခြောက် ရောင်းတာက အစိုအတိုင်း ရောင်းတာထက် ဈေးပိုရပါတယ်။ တွက်ချေကိုက်ပါတယ်။ ပိုးသတ်ဆေး ကင်းလွတ် အစေ့တွေ ဖြစ်တာကြောင့် တစ်လကို အစေ့ခြောက် တစ်သိန်းခန့်အထိ ရောင်းချနေရပါတယ်”ဟု ဒန့်ဒလွန်ပင် စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ကိုင်နေသူ ဦးလှသိန်းက ပြောသည်။ ဇန်နဝါရီလ ဒန့်ဒလွန်ပေါ်ဦးပေါ်ဖျားရာသီတွင် ဒန့်ဒလွန်သီး အစိမ်းတောင့် တစ်တောင့်လျှင် လက်ကားဈေး ကျပ် ၁၀ဝ မှ ကျပ် ၁၅၀ အထိ ရောင်းချနေပြီး အထက်အညာဒေသများတွင် ဇူလိုင်လမှ ဩဂုတ်လအထိ ရရှိနိုင်ကြောင်း သိရသည်။ ------------------------------ နန်းထက်ထက်ချစ် မြန်မာတောင်သူကြီးများဂျာနယ် အတွဲ (၁၈) အမှတ် (၂၆၅)၊ သြဂုတ် ၂၈ - စက်တင်ဘာ ၃၊ ၂၀၁၇ ခုနှစ်
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျား.. ကျွန်တော် ဒန့်သလွန်ပင် အစေ့နဲ့ ပျိုးနည်းလေးသိချင်ပါတယ်ခင်ဗျ...အစေ့တွေ စုထားတာရှိလို့ပါ.....
ဖြေကြားချက် 2 ခု
ရေကတော့နည်းနည်းငံတယ် ဘာပင်တွေစိုက်ရင်အဆင်ပြေလဲဗျ နှစ်ရှည်ပင်စိုက်ချင်ပါတယ်ဆရာသမားတို့ ကျေးဇူပြုပြောပေပါခင်ဗျာ
ဖြေကြားချက် 7 ခု
မြန်မာနိုင်ငံဒန့်သလွန်နှင့်ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့နှင့် ဆက်သွယ်လို့ရမဲ့ နည်းလမ်း...
ဖြေကြားချက် 2 ခု
ကိုင်းကူးသည့်နည်းစနစ်နဲ့ အသုံးပြုသည့်အမြစ်အားသန်းဆေးကို သိချင်ပတယ်မျှဝေကြပါ
ဖြေကြားချက် 1 ခု
အခုချိန် ဒန့်သလွန်း စိုက်နည်းလေးပြောပြပေးပါလား ဧရာဝတီတိုင်း ပုသိမ်
ဖြေကြားချက် 2 ခု