အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လှိုင်မင်းမင်းသန့်
လွန်ခဲ့သော ၅ နှစ် က · မြောင်

သီးနှံတွေရဲ့ မျိုးရင်းတူ မျိုးစိတ်တူတဲ့ အုပ်စုများကို သိလိုပါတယ် သိတဲ့သူများ ဖြေပေးကြပါအုန်း ဥပမာ…မက်ပဲနဲ့ ပဲတီစိမ်းက အပင်မျိုးရင်တူလား တစ်မျိုးရဲ့ အသီးအပွင့်တွေဝါရင် နောက်တစ်မျိုးမှာလဲ ဆက်ပြီးဝါတဲ့ ပိုးမွှားများကြရောက်နိုင်ပုံ စသဖြင့် သိလိုပါတယ် ကျေးဇူးပြုပြီး ဖြေပေးကြပါ

စိုက်ပျိုး ဗဟုသုတ ပဲတီစိမ်း

ဖြေကြားချက် ၃ ခု

လှိုင်မင်းမင်းသန့်
လှိုင်မင်းမင်းသန့် 1,140 လွန်ခဲ့သော ၅ နှစ် က

အခုဆောင်းမက်ပဲမှာကျနေတဲ့ အဝါရောင်မှိုစေ့ရောဂါကျနေတဲ့စိုက်ခင်းကို နွေ ပဲတီစိုက်ရင် ထက်ပြီးကူမယ်ထင်ပါတယ် နွေနှမ်းစိုက်ရင် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ် ဒီနှစ် ပဲလွန်းဖြူစိုက်ထားတဲ့ သစ်ခင်းကို လာမယ့်နှစ်မှာ မြေပဲစိုက်ရင် ပိုပြီးကောင်းမယ် ဘာ့ကြောင့်ကောင်းတာလဲ ဘယ်လိုကြောင့်ဆိုတာတွေကို သိချင်တာပါ

လှိုင်မင်းမင်းသန့်
လှိုင်မင်းမင်းသန့် 1,140 လွန်ခဲ့သော ၅ နှစ် က

အခုလို ဖြေပေးတဲ့အတွတ် ကျေးဇူးတင်ပါတယ် ဆက်ပြီး ဖြေပေးပါအုန်းဗျာ ကျနော်သိချင်တာက သီးလှည့်စိုက်တဲ့အခါ တစ်လှည့်စီစိုက်ရင် ပိုကောင်းမယ် ပြီးတော့ ကျရောက်တက်တဲ့ ပိုးမွှားတွေလဲ ဒဏ်ခံနိုင်မယ် ထင်ပါတယ် ပဲမျိုးစိတ်တွေ သိချင်တာပါ ကျနော်တို့နယ်မှာ အစိုက်အများဆုံးပဲတွေကို သိချင်ပါတယ် မြေပဲ ပဲလွန်းဖြူ မက်ပဲ ပဲတီစိမ်း ကုလားပဲ ပဲကြီး စားတော်ပဲ ပဲငပိ ​ကြက်သွန်နီနဲ့ နှမ်း အဲဒီသီးနှံတွေပဲ စိုက်ပါတယ်

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

ပဲတွေကပဲမျိုးရင်း၊ မုန်ညင်းမုန်လာက မုန်ညင်းမုန်လာမျိုးရင်း ဆိုပြီး မျိုးရင်းတူတွေရှိတာပါ။ အဲ့မျိုးရင်းတူတွေထဲမှာမှ မျိုးစိတ်ကွဲပြားလို့ စိုက်ပျိုးနည်းစနစ်တွေမှာကွာတာပါ။ အဲ့ဒါတေအားလုံးသာပြောရမယ်ဆိုရင် လေ့လာလို့လည်းမကုန်သလို ပြောလို့လည်းကုန်မှာမဟုတ်ပါဘူး။ လူကြီးမင်းက အကျဉ်းချုံးပြီးမေးဖို့လိုပါတယ်။ ဥပမာ ဘယ်သီးနှံက ဘယ်မျိုးရင်းထဲဝင်လဲဆိုတာမျိုးပေါ့ လူကြီးမင်းဥပမာပေးထားတဲ့ မတ်ပဲနဲ့ပဲတီစိမ်းက မျိုးရင်းတူပြီး မျိုးစိတ်ကွဲတဲ့သီးနှံပါ မျိုးရင်းတူတဲ့အတွက်ကျရောက်တတ်တဲ့ပိုးမွှားတွေကတူပါတယ်။ ရောဂါတွေအနေနဲ့ တော်တော်များများတူပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။