အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ysa
Ysa 290
လွန်ခဲ့သော ၅ နှစ် က · ကမာရွတ်

Hello ကျွန်တော်တို့ နိုင်ငံမှာ Cactus 🌵 လို အပူပိုင်းအပင်မျိုးတွေ ကို wholesale အနေနဲ့ စိုက်ပျိုး ရောင်းချကြလား ခင်ဗျ ။ Indoor Decoration အတွက် Demand များပေမယ့် ကျွန်တော် ‌‌တွေ့မိသလောက် တကယ်လှတဲ့ Cactus အပင်‌‌ငယ်လေးတွေကို Thai ကပဲ ယူယူ ရောင်းနေကြတယ်။ ဒီမှာ cactus တွေက သိပ်ပြီး မစိုက်ကြတာလား ? အမြတ်သိပ်မရလို့လား ? ဘာလို့ Thai ကပဲ တင်သွင်း ရောင်းချ‌ကြတာလဲခင်ဗျ ။

စိုက်ပျိုးစီးပွား ရှားစောင်းလက်ပတ်

ဖြေကြားချက် ၃ ခု

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၅ နှစ် က

Cactus တွေကို ထိုင်းနဲ့ တရုတ်ကနေ အများဆုံးတင်သွင်းပါတယ်။ ထိုင်းကနေတင်သွင်းရတဲ့ အကြောင်းကတော့ အပင်တွေက ပိုလှပြီး အကြမ်းခံလို့ပါ။ ထိုင်းအပင်တွေက စျေးများရင်တောင် ပေးရတဲ့စျေးနဲ့တန်တဲ့ အပင်ကိုရပါတယ်။ ကန်တော်ကြီး မြေပဒေသာကျွန်းက တချို့ဆိုင်တွေမှာ Cactus တွေကို ကိုင်းကူးတာရော မျိုးစေ့ကနေ ပွားပြီးရောင်းတာရော ရှိပါတယ်။ မျိုးစေ့ကို စီးပွားဖြစ်ရောင်းတာတော့သိပ်မတွေ့ ရပါဘူး။ မျိုးစေ့ကို အပင်ဖောက်ရတာခက်တာမို့ အသင့်ဝယ်စိုက်တာများတာဖြစ်ပါတယ်။ မြေပဒေသာကျွန်းက တချို့ဆိုင်တွေမှာ စုံစမ်းလို့ရနိုင်ပါတယ်။ အချို့ Cactus group တွေမှာဆိုရင်လည်း Cactus မျိုးစေ့တွေရောင်းတာ အလကား မျှဝေပေးတာမျိုးတွေလည်းရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Cactus စိုက်ပျိုးသူနဲ့ ရောင်းသူအများစုဟာ တွေ့ရသလောက် စီးပွားဖြစ်ထက် ဝါသနာအရင်းခံပြီး လုပ်ကြတာမို့ စျေးကွက်နယ်ပယ်ကျဥ်းတယ်လို့ ယူဆမိပါတယ် ခင်ဗျ။

Ysa
Ysa 290 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ ။ ကိုယ့် Local မှာ စိုက်လို့ရရဲ့သားနဲ့ Thai က ဝယ်ပြီးရောင်းကြတာကို အားမရတာ အမ ။

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၅ နှစ် က

ကျမ သိသလောက်ကတော့ နေပြည်တော်မှာ ကိုယ်တိုင် ကိုင်းဆက်ပြီး ရောင်းနေတဲ့ အမတစ်ယောက်တော့ရှိပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။