ဖြေကြားချက် ၁ ခု
စိုက်ခင်းအား ထယ်ထိုးမြေပြုပြင်ပြီးပါက (၂)ပေအကျယ် ထယ်ကြောင်းဖော်ပြီး၊ ဘောင်ပြုလုပ်ပေးပါ။ ထယ်ကြောင်းထဲတွင် ကျနေသော မြေစာများကို ကောက်၍ဘောင်တင်ပါ။ပင်ကြား၊တန်းကြား အကွာအဝေးမှာ (၃×၄)လက်မဖြင့်စိုက်ပါ။မြေသြဇာအနေဖြင့် တစ်ဧကလျှင် ယူရီးယား(၂)အိတ်၊ တီစူပါ(၂)အိတ်၊ ပိုတက်ရှ်(၁)အိတ်နှင့် နွားချေး(၁၀-၁၅)တန် သုံးသင့်ပါတယ်။ ဥအတွက်ဆိုလဲဒီအချိုးအစားအတိုင်းသုံးလို့ရပါတယ်။ ကြက်သွန်ကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် ပေါင်းနှိမ်နှင်းရန်အလွန်အရေးကြီးပါတယ်။အရွက်များစတင် ကျချိန်တွင် ပေါင်းရှင်းရန် မလိုတော့ပါ။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး၊ ထပ်မံထည့်ပေးပါ။ ကြက်သွန် ပန်းဖူးများကို အပတ်စဉ် ချိုးပေးပါ။ မြေသားပေါ် မူတည်ပြီး ရေသွင်းချိန် (၅)ကြိမ်မှ (၈)ကြိမ်ထိရှိရပါမည်။ လှေးပိုး၊ပျပိုး၊ ခါးရိရောဂါ၊ တောက်တဲ့မြီးရောဂါတို့ ကျရောက်တတ်သည်။ အပင်စုပ်ပိုး ကျရောက်မှု အခြေအနေပေါ် မူတည်ပြီး ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ် နှိမ်နှင်းပါ။ မှိုရောဂါကျရောက် နိုင်သည့်မိုးအုံ့ခြင်း၊ မိုးဖွဲဖွဲရွာခြင်း စသော ရာသီဥတု ဖောက်ပြန်မှုရှိပါက သင့်တော်သော မှိုသတ်ဆေးဖြင့် ကြိုတင်ကာကွယ်ပါ။ အမြိတ်စားအတွက် စိုက်ပါက ကြက်သွန်ဥ ငယ်စဉ်ခဲတံလုံးခန့် အရွယ်ရှိလျှင် လက်ဖြင့်ဆွဲနှုတ် ယူနိုင်ပါတယ်။ တစ်နည်းအားဖြင့် ကြက်သွန်မြိတ် (၁)ပိသာလျှင် အရွယ် (၃၅)ကျပ်သား၊ ဥအလေးချိန် (၆၅) ကျပ်သားရှိပါက ကြက်သွန်မြိတ် အဖြစ်နုတ်ရောင်းနိုင်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်စိုက်နည်း သိချင်လို့ပါ
ဖြေကြားချက် 2 ခု
ကြက်သွန်ဖြူစိုက်နည်း သိချင်လို့ပါ
ဖြေကြားချက် 1 ခု
ကြက်သွန်ဖြူစိုက်နည်း တင်ပေးပါ ဆရာတို့
ဖြေကြားချက် 1 ခု
ကြက်သွန်ဖြူမျိုးပြန်လည်အသုံးပြုရန်အတွတ်ပိုးသတ်ဆေးနဲဘက်ဖြန်းဖိုလိုသလားသိမရစေ
ဖြေကြားချက် 1 ခု
ကြက်သွန်ဖြူက နုန်းမြေမှာစိုက်လို့၇လားသိချင်လို့ပါ
ဖြေကြားချက် 1 ခု