အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,577
လွန်ခဲ့သော ၅ နှစ် က · ခင်ဦး

အ​စေ့ထုပ်​ပြောငွးမှာကျတ့ဲင​မြောင်​တောင်ပိုးအ​လေ့အထန့ဲကာကွယ်နည်းအသုံးပြုရမ့ဲ​ဆေးသိချင်ပါတယ်

ပိုးမွှားရောဂါ ပြောင်း ပြောင်းငမြှောင်တောင်ပိုး
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နည်းတွေအနေနဲ့ကတော့ စိုက်ချိန်စောစိုက်တာမျိုး သီးလှည့်စိုက်ပေးတာမျိုး စိုက်ချိန်ကိုတစ်ချိန်ထဲစိုက်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အရင်တစ်သီးတုန်းကပိုးကျရောက်ထားတာရှိတယ်ဆိုရင် ပင်ကြွင်းပင်ကျန်တွေအားလုံးကိုဖယ်ရှားပစ်ပြီး ထယ်နက်နက်ထိုးပေးတာမျိုးလုပ်ရပါတယ်။ ပေါင်းမြက်အမှိုက်သရိုက်တွေကိုရှင်းပေးတာမျိုးလုပ်ရပါမယ်။ အမြဲတမ်းစိုက်ခင်းကိုကင်းထောက်စစ်ဆေးတာမျိုးလုပ်ပေးပြီးလောက်ကောင်နဲ့ရုပ်ဖုံးတွေတွေ့ရင်လက်နဲ့ကောက်ယူဖယ်ရှားတာမျိုးတွေလုပ်ပေးပါ။ စီးပွားရေးအရထိခိုက်တာမျိုးရှိလာမှ တရားဝင်သုံးခွင့်ပြုထားသော ထိသေ၊ စားသေပိုးသတ်ဆေးများကိုအသုံးပြုပေးနိုင်ပါတယ်။ အကောင်ကြီးတွေကို မီးထောင်ချောက်နဲ့ဖမ်းတာကလည်းထိရောက်တဲ့နှိမ်နင်းမှုမျိုးပါပဲ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။