အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၅ နှစ် က · ချောက်

မိှုဆေးကို ကာကွယ်ဆေးအနေနဲ့ အသုံးပြုရင် ပိုးဆေးနဲ့ တဲွပက်လို့ရလား ? ပိုးအသင့်သင့် ကျလို့ ပိုးဆေး နဲ့ အားဆေးအ...

မိှုဆေးကို ကာကွယ်ဆေးအနေနဲ့ အသုံးပြုရင် ပိုးဆေးနဲ့ တဲွပက်လို့ရလား ? ပိုးအသင့်သင့် ကျလို့ ပိုးဆေး နဲ့ အားဆေးအမျိုးမျိုး ရောသုံးလို့ရလား ? ပိုးဆေး နဲ့ ရွက်ဖျန်း မြေသြဇာ အမှုန့်ထုပ် ရောသုံးလို့ရလား ?

ပိုးမွှားရောဂါ မြေပဲ မရောသင့်သော ဓာတုဆေးများ
7

ဖြေကြားချက် ၇ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

မိူဆေး နဲ့ပိုးဆေး က ရောသုံးလို့ရပါတယ် သို့ပေမဲ့ ကောပါး ပါတဲ့မိူဆေး ဆိုရင်တော့ သတိပြုရပါ့မယ် ပိုးဆေးနဲ့ ရွက်ဖြန်းအားဆေးကတော့ ဘယ်ဆေး မဆို အတော်များများ ရောသုံးလို့ ရပါတယ် တွဲမသုံးတာတော့အကောင်းဆုံးပေါ့ သက်သက့ဆီဖြန်းတာတော့ အန္တရာယ် ကင်းပါတယ်

270,769 လွန်ခဲ့သော ၅ နှစ် က

ကျွန်မအနေနဲ့ဆိုရင်တော့ ပိုးကျရောက်နေလို့ပိုးသတ်ဆေးသုံးမယ်ဆိုရင် ပိုးဆေးကို အရင်ဖြန်းပြီး တစ်ပတ်လောက်ခြားပြီး အားဆေးဖြန်းပါမယ်ရှင့်။ ပိုးဆေးဖြန်းလို့ပိုးကျရောက်မှုသက်သာသွားတဲ့အခါ ပိုးကျထားတဲ့အပင်တွေကို အားပြန်ဖြည့်တဲ့သဘောအနေနဲ့ပါ။ အားဆေးသုံးပြီးမှဆိုရင် ပိုးဆေးမသုံးခင် ကာလအတွင်းပိုးအကြိုက်ဖြစ်သွားပြီး အပင်ဖျက်ဆီးခံရမှုများမှာ ဖြစ်မှာစိုးတဲ့အတွက်ပါ။

290 လွန်ခဲ့သော ၅ နှစ် က

ပိုးဆေး နဲ့ ရွက်ဖျန်းမြေသြဇာကော့မက်အားကောင်း လို အထုပ်မျိုးနဲ့ ရောသုံးရလား အစ်မ

270,769 လွန်ခဲ့သော ၅ နှစ် က

မှိုဆေးနဲ့ပိုးသတ်ဆေးနဲ့က တွဲသုံးလို့ရတာမျိုးရှိပါတယ်။ အားဆေးနဲ့က ပိုးသတ်ဆေးနဲ့ဖြစ်ဖြစ် မှိုသတ်ဆေးနဲ့ပဲဖြစ်ဖြစ် မတွဲသုံးစေချင်ပါဘူး။ ဆေးအာနိသင်မတူတဲ့အတွက် ထိရောက်စွာမရရှိတာမျိုး ဆေးလောင်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ပတ်လောက်ခြားပြီးမှသုံးပါ။

870 လွန်ခဲ့သော ၅ နှစ် က

မှိုဆေးဆိုတာကိုနားမလည်ဘူးခင်ဗျာ စားသုံးရလို့တဲ့ဈေးကွက်မှာ လက်သင်ချက်စားရတဲ့မှိုလာ ဒါမှမဟုတ် Fungiမှိုကိုပြောတာလာ မသိ

116 လွန်ခဲ့သော ၅ နှစ် က

ပြန်လည်ဖြေကြားစေလိုပါတယ်

290 လွန်ခဲ့သော ၅ နှစ် က

ပြန်ဖြေပေးစေချင်ပါတယ် သိသူများ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။