ဖြေကြားချက် ၁ ခု
ဂူဂဲမှာ တွေ့တာလေးပါ။ တောင်ပို့မှိုကျတော့ အလေ့ကျမှိုပေါက်တဲ့ကာလမှ တောထဲမှာရှာဖွေပြီး ရောင်းကြတာများတော့ ဒီနည်းလမ်းနဲ့ စမ်းသပ်လုပ်ကြည့်ပေါ့။ နည်းမှာ ပါဝင်ပစ္စည်း ၃မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာ အလွယ်တကူရှာဖွေရလွယ်ပါတယ်။ ၁-ခြတောင်ပို့ အတွင်းပိုင်းမှမြေသား၂၀သားခန့်။ ၂-ထမင်းဖြူ၆၅ ကျပ်သား( တစ်ကီ လို) ၃-ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ပဲဖြစ်ပါတယ်။ ပထမဦးစွာ တောင်ပို့မြေနဲ့ထမင်းဖြူတို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီးသမအောင်မွှေပေးရပါမယ်။ ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်။ ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲ့ နေရာမပူလွန်းမအေးလွန်းတဲ့နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။ ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထားရမှာပါ။ ၇ ရက်ကျော်တဲအခါ ဇလုံ ရဲ့မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက်ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ် အဲဒါဟာ မှို ဖောက်ဖို့ ကျူလင်စီ တွေဘဲဖြစ်ပါတယ် (တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲဖြစ်ပါတယ်) ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသောမြေဆွေးပုံကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိမြေဆွေး တွေအပေါ် နှံစပ်အောင်ချထားပေးပြီးထားရပါမယ်။ မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့်ပြည်စုံတဲ့တောင်ပို့မှိုကို လွယ်ကူစွာ ဆိတ်ခူး စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ... အိမ်တွင်းတိုက်ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်းမြေဆွေးထည့်၍စိုက်ပျိုးနိုင်ပါတယ်။ (အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ၎င်းကျူလင်စီ ရေသန့်ဘူး တစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေ့ချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့်အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အမျိုးဖောက်နည်းလေးပြောပြကြပါဗျာ
ဖြေကြားချက် 1 ခု
တောင်ငူမာ မှိုဒိုင်မရှိဘူးလားဗျ တခြားမြို့တေကကော တောင်ငူကနေမှိုဒိုင်သွင်းလို့မရဘူးဗျ သိတဲ့ဆရာသမားများ ေပြာပြကြ...
ဖြေကြားချက် 2 ခု
ကျနော့ မှိုထုတ်လေးတေ အပွင့်သိပ်မသန်လို့ဗျ ဘယ်လိုလုပ်ရမလဲ အကြံပေးပါအုန်း မျိုးထုတ်မာပါတဲ့ ဂွမ်းအဆို့လေးက မှို...
ဖြေကြားချက် 5 ခု
ငွေနှင်းမှိုစိုက်ပျိုးနည်း အကြောင်းသိချင်ပါတယ်။
ဖြေကြားချက် 2 ခု
ငွေနှင်းမှို ပြုလုပ်နည်းနှင့် ပြုစုပုံ
ဖြေကြားချက် 1 ခု