အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ကျော်ဇေယျာလင်း
လွန်ခဲ့သော ၅ နှစ် က · ဆီဆိုင်

ကျွန်တော်မွေးထားတဲ့ဝက်မက ၁၃ရက်ည အချိန်၌ ၁၀ ကောင်မွေးပါတယ်ဗျ။ မွေးပြီးနောက်ရက်မနက်ကျအစာသိပ်မစားဘူးဗျ။ဒီနေ့ထိ စားရုံသာဆိုလောက်ပဲဗျ။နောက်ပြီး ခုဆိုဝက်မက နို့လည်းသိပ်မထွက်လို့ဗျ။အဲ့တာဘယ်လိုအစာကျွေးပြီး ဘယ်လိုလုပ်ဆောင်သင့်ပါသလဲဗျ ။ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါသည်။ယခုချိန် ကိုဗစ်ကာလမို့ တိဆရာခေါ်လို့မရလို့ပါဗျ။

အာဟာရဗေဒ ဝက်

ဖြေကြားချက် ၁ ခု

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 161,188 လွန်ခဲ့သော ၅ နှစ် က

အသားတိုးဝက်စာ ဘယ်လိုစပ်ကြမလဲ ------------------------------------------- ကိုယ်မွေးထားတဲ့ဝက်တွေကို ကျန်းမာဆူဖြိုးအသားတိုးမှာ မလိုလားတဲ့ မွေးမြူရေးလုပ်ငန်းရှင်၊ မွေးမြူရေးသမားရယ်လို့ မရှိလောက်ဘူးထင်ပါတယ်။ အစာကို ကျွေးချင်တိုင်းကျွေးလို့မရဘူး၊ စနစ်တကျ ကျွေးရမယ်ဆိုတာ Kaung Htet ကို အားပေးကြတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေ မိတ်ဟောင်းမိတ်သစ်တွေအားလုံး သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဝက်တွေအသားတိုးအောင် အစာဘယ်လိုကျွေးရမလဲဆိုတာနဲ့ ပက်သက်လို့ မသိသေးသူတွေ ရှိနေပါသေးတယ်။ သိရက်နဲ့လည်း “ပညာရှိသတိဖြစ်ခဲ” ဆိုသလို အမှားလေးတွေ လုပ်မိတတ်ကြသူတွေလည်း ရှိကြမှာပါ။ အများအားဖြင့်ကတော့ ဝက်မွေးမြူရေးလုပ်ငန်းကြီးတွေက စနစ်တကျမွေးမြူကြပေမယ့်၊ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူတွေမှာတော့ ချို့ယွင်းချက်လေးတွေရှိနေတတ်ပါတယ်။ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူတွေ အများစုမှားတတ်တဲ့ အမှားကတော့ ဝက်မွေးတဲ့အခါ ဝက်စာကို သတ်သတ်မှတ်မှတ် ကျကျနန ကျွေးတာမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ကရတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းရည် စတာတွေကို တွင်တွင်ကြီး ကျွေးတတ်တာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဝက်တွေကို သွားချင်ရာသွား၊ စားချင်ရာစား လွှတ်ထားတတ်ကြသေးတာ။ ဝက်ဆိုတာမျိုးက လွယ်လွယ်နဲ့အစာကြေတတ်တဲ့ တိရစ္ဆာန်မဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝကိုက အစာချေဖျက်နှုန်း နည်းပါတယ်။ ဒါကြောင့် ဝက်တွေစားတဲ့အစာတွေက ကျေညက်လွယ်တဲ့ အစာမျိုးတွေပဲ ဖြစ်သင့်ပါတယ်။ ကျေးလက်တောရွာတွေမှာတော့ မွေးမြူရေးဗဟုသုတနည်းပါးတဲ့အတွက် ဒီအချက်ကို မသိသူများပါတယ်။ ဖြစ်နိုင်ရင်တော့ သိပ္ပံနည်းကျထုတ်လုပ်ထားတဲ့ အစာမျိုးကို ကျွေးနိုင်ရင်အကောင်းဆုံးပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်အစာစပ်ချင်ရင်တော့ ဆန်ကွဲ၊ ငါးမှုန့်၊ မြေပဲဖတ် စတာတွေပါဝင်တဲ့ ဝက်စာမျိုးကို ကိုယ်တိုင်အစာစပ်ပြီး ကျွေးမွေးနိုင်ပါတယ်။ အစာစပ်တဲ့အခါမှာလည်း သင့်တင့်မျှတတဲ့ အချိုးအဆအတိုင်း ရောနှောကျွေးမွေးဖို့ လိုပါတယ်။ ဒီလိုကျွေးတဲ့အခါမှာ ဝက်ရဲ့ပမာဏနဲ့ အနေအထားကို လေ့လာပြီး ကျွေးမွေးဖို့လိုအပ်ကြောင်းကို ဝါရင့်မွေးမြူရေး ပညာရှင်တွေက အကြံပေးထားပါတယ်။ ဆိုကြပါစို့။ ဥပမာ - ဇီးဝက်မတစ်ကောင်ဟာ အလေးချိန် ပေါင်အဆ ၅၀ လောက်ရှိနေမယ်ဆိုရင် ဝက်စာအနေနဲ့ ပေါင်ဝက်လောက် ကျွေးသင့်ပါတယ။် အဲ့ဒီအချိုးအစားအတိုင်း အခြေအနေကိုလိုက်ပြီးတော့ ဇီးဝက်မတွေကို ချိန်ဆကျွေးမွေးနိုင်ပါတယ်။ အစာများများကျွေးတိုင်း အသားတိုးမယ်လို့ ယူဆချက်ကလည်း မမှန်ပါဘူး။ ဟိုးအရင်တုန်းကဆို ဝက်ကြီးတွေကို အသားမပေါ်ခင် အလေးချိန်တိုးအောင်လို့ အစာတွေဖိကျွေးပြီး အသားတိုးအောင် လုပ်ကြပါတယ်။ သိထားရမှာက ဝက်တွေကို အရွယ်ရောက်တော့မှ အစာဖိကျွေးနေလည်း အသားနဲ့ သတ္တုဓာတ်တွေတိုးလာမှာမဟုတ်ပါဘူး။ အဆီတွေပဲတိုးလာမှာပါ။ ဒါကြောင့် ဝက်တွေကို ကြီးမှအစာဖိကျွေးတာမျိုးမလုပ်ဘဲ အသက်အရွယ်အလိုက် စနစ်တကျ အစာကျွေးဖို့လိုအပ်ပါတယ်။ ဝက်တွေကို အသားတိုးစေချင်ရင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အသားဓာတ်(ပရိုတိန်းဓာတ်တွေ) မျှမျှတတ ရရှိအောင် အစာကို စနစ်တကျ ရောစပ်ကျွေးမွေးပါ။ အမျိုးသားသုတေသနကောင်စီရဲ့ သတ်မှတ်ချက်အရ အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ အထိရှိတဲ့ ဝက်လတ်တွေအတွက် အသားတိုးအစာစပ်နည်းအချိုးကို ဒီလိုထုတ်ပြန်ပေးထားပါတယ်။ အောက်မှာကြည့်ပါ။ ဖြည့်စွက်စာ - ၀.၅ % ဖွဲနု - ၂၀ % ဆား - ၀.၅ % ဆန်ကွဲ - ၂၀ % ခရုမှုန့် - ၁ % ပဲဖက် - ၂ % ပြောင်း - ၂၀ % ဖွဲကြမ်း - ၁၇.၅ % နှမ်းဖက် - ၅ % ပုစွန်ဖွဲ - ၄ % အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ ရှိတဲ့ ဝက်လတ်တစ်ကောင်အတွက် အစာလိုအပ်ချက်က ၁၄ % ကနေ ၁၉ % အထိရှိပါတယ်။ ဒီတော့ အစာကို လျော့ပြီးကျွေးတာမျိုး တိုးပြီးကျွေးတာမျိုး မလုပ်ဘဲ သတ်မှတ်ထားတဲ့အတိုင်း ကျွေးပါလို့ Kaung Htet က မိတ်ဟောင်းမိတ်သစ်တွေအားလုံးကို အကြံပြုလိုပါတယ်။ ဒီပို့စ်လေးကို မသိသေးတဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေကို ရှယ်(Share) ပေးလိုက်ကြဦးနော်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး၊ အာဟာရဓာတ်အပြည့်အဝရရှိစေမယ့် ကြက်စာ၊ ဝက်စာ၊ ဘဲစာ၊ ငုံးစာတွေကို မှာယူချင်တယ်ဆိုရင်တော့ Kaung Htet Feed Mill ကိုသာဆက်သွယ်လိုက်ပါခင်ဗျာ။ #Kaung_Htet_Feed_Mill #ဝက်စာဘယ်လိုစပ်မလဲ #ဝက်စာစပ်နည်းလမ်းညွှန် #အသားတိုးဝက်စာစပ်နည်း #ဝက်စာဘယ်လိုကျွေးမလဲ ✩Local Product ✩International Quality ✩Reasonable Price ဆက်သွယ်မှာယူလိုပါက- ‭ 📞09788886003 ‭ 📞09788886005 ☎️ 095039114

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။