ဖြေကြားချက် ၁ ခု
ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက်ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသောအခြားဓါတ် ပေါင်းမြောက်များ စွာလည်းပါဝင်နေပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များကိုပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သော မြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။ မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာတစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည်ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်း သောစိုက်ပျိုးရေးအတွက်ဖြစ်စေပထမဦးဆုံးစတင်စုဆောင်ရမည့်ကုန် ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်။ အရင်ဦးဆုံးဆေးတဲ့ဆန်ဆေးရည်ကို ရေသန့်ဗူးအလွှတ်ထဲမှာထည့် အဖုံးကိုမလုံ့တလုံထား။ အေး/ခြောက်မှာ(၇)ရက်ထားလိုက်ပြီး ရင်ပိတ်စပါးပါးဖြင့် စစ်ယူလိုက်ပါ။ ထိုအရည်ကို (၆)လခန့်အထိ အေး၍ခြောက်သွေ့သောနေရာမှာသိမ်းဆည်းပြီးအသုံးပြုခဲ့ဖူးပါတယ်။ ပြုလုပ်၊သိမ်းဆည်းသူရဲ့ သန့်ရှင်းမှု၊ ရာသီဥတုအပူအအေးပေါ်မူတည်ပြီး အထားခံတဲ့ရက်ကွာ ခြားသွားနိုင်ပါတယ်။ credit- Shwe Yaung web
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မီးထိန်းစိုက်နည်းလေးမျှကြပါအုံးနော်
ဖြေကြားချက် 1 ခု
ဂနွမာပန်း မီးထွန်းစိုက်ပျိုးနည်းလေးသိချင်လို့ပါ
ဖြေကြားချက် 1 ခု
အပင်အားဆေး အလွယ်တကူပြုလုပ်နည်းလးတွေမျှဝေကြပါအုံး
ဖြေကြားချက် 1 ခု
ဘယ်လိုစိုက်ပျိုးရပါသလည်းဗျာ
ဖြေကြားချက် 2 ခု
ဘာပိုးလဲ ဘာရောဂါဖြစ်တာလဲ ဘာဆေးဖျန်းရမှာလဲ ဖြေပေးကြပါအုံးနော်
ဖြေကြားချက် 6 ခု