အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,865
လွန်ခဲ့သော ၅ နှစ် က · မိတ္ထီလာ

ငါးအမိုင်နိုန့ဲ ပိုးသက်ဆေးန့ဲရောဖျန်းရင်ရလာဗျ မသိလို့ပါ

အပင်အာဟာရ ငရုတ်သီး ငါးအမိုင်နို

ဖြေကြားချက် ၂ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

တစ်ချို့ကျတော့ ရေစပ်ဖျန်းလို့ရသလို ရောစပ်ဖျန်းလို့မသင့်တဲ့ ဆေးအုပ်စုတွေလည်းရှိနေပါတယ်။ ပိုးသတ်ဆေးများအားရောစပ်ရာတွင် သင့်/မသင့် စမ်းသပ်နည်း ဒီဆောင်းပါးမှာဆိုရင် စမ်းသပ်နည်းလေးကို အသေးစိတ်ဖော်ပြထားတဲ့အတွက် လေ့လာစေချင်ပါတယ်ရှင့်။ တစ်ခုရှိတာက ငါးအမိုင်နိုက သဘာဝအားဆေးဖြစ်တဲ့အတွက် ရောစပ်ဖျန်းတာမျိုးတော့ အားမပေးချင်ပါဘူး။ ပိုးကျနေလို့ ပိုးသတ်ဆေးသုံးမယ်ဆိုရင် ပိုးသတ်ဆေးသုံးပြီး တစ်ပတ်ကြာမှ ငါးအမိုင်နို အသုံးပြုပါလို့ အကြံပြုချင်ပါတယ်။

270,769 လွန်ခဲ့သော ၅ နှစ် က

ပိုးသတ်ဆေးများအား ရွက်ဖျန်းမြေဩဇာများနှင့် ရောစပ်ပက်ဖျန်းခြင်းတို့အား မိမိတို့စိတ်ကြိုက်၊ မိမိတို့သဘောဆန္ဒအလျောက်လည်းကောင်း သို့မဟုတ် တစ်စုံတစ်ဦး၏ အကြံပေးချက်အရလည်းကောင်း ပြုလုပ် ဆောင်ရွက်လျှက်ရှိပါသည်။ ဖြစ်နိုင်ပါကမိမိ အသုံးပြုလိုသော ပိုးသတ်ဆေးများ၊ ရွက်ဖျန်းမြေဩဇာများအား သပ်သပ်စီ၊ တစ်ရက်စီ သီးခြားဖျန်းသင့်ပါသည်။ အပြည့်အစုံကို ဆရာဒေါက်တာဝင်းသန်း ရေးသားထားတဲ့ ဒီ ကောင်းကျိုးထက် ဆိုးကျိုးပိုစေနိုင်တဲ့ ရောစပ်ဖျန်းပက်ခြင်း ဆောင်းပါးလေးမှာ ဖတ်ကြည့်ပါရှင့်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ငါးအမိုင်နိုပြုလုပ်ရာတွင် ငါးအ‌ေသးအကောင်လိုက်ထည့်လို့ရပါသလား ထန်ညှက်ကဒီအတိုင်းဆတူထည့်ကမှာလား ရေ တို့EMတို့မ...

ဖြေကြားချက် 2 ခု

မသိ့လို့မေးပါရစေဗျ ငါးအမိုင်နိုကပြောတာကြားကြားနေတာ ဘယ်သူမှလည်းပြောမပြကြဘူး ဖော်စပ်ကတာလားဝယ်ရတာလား please

ဖြေကြားချက် 2 ခု

ငါးအမိုင်လိုနဲ့ ကြက်ဥဘိုင်လင်စီက ဘယ်လိုတွေလုပ်ကြတာလည်းခင်ဗျာ နောက်ပီးငါးအမိုင်လိုကဘာကောင်းတာလည်း ကြက်ဥဘာလင်စီက...

ဖြေကြားချက် 1 ခု

ငါးအမိုင်နိုလုပ်တဲနေရာမာငါးကိုရေးစေးပီးမထည်ရတာလားမစေးပဲနဲထည်ရတာလားအစိမ်းရောင်လမ်းကပညာရှင်များဖြေကြားပေးပါအုန်း

ဖြေကြားချက် 1 ခု

ငါးအမိုင်နိုလုပ်ထားတာပျစ်နေတယ်ဘာနဲ့ရောရမလဲအကြံပေးပါအုံးခင်ဗျာ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။