ဖြေကြားချက် ၁ ခု
ကာကွယ်နှိမ်နင်းနည်း သီးနှံပလပ်ကာလအတောအတွင်း စပါးနှံစုပ်ပိုး မျိုးပွားမှုကို ကာကွယ်ဖို့ စပါးခင်းထဲနဲ့ ပတ်လည် ဧရိယာက ပေါင်းပင်များကို ဖယ်ရှားပါ။ မြေသြဇာနဲ့ ရေကို ညီမျှစွာကျွေးပါ။ စပါးစိုက်ချိန်ညီခြင်းဟာလည်း ဒီဖျက်ပိုးပြဿနာကို လျော့နည်းစေပါတယ်။ မနက်ခင်းအစောပိုင်း ဒါမှမဟုတ် ညနေနှောင်းပိုင်းမှာ စပါးနှံစုပ်ပိုးကို ပိုက်ကွန်နဲ့ ဖမ်းတာဟာ လုပ်အားကုန်ပေမဲ့ စပါးနှံစုပ်ပိုးအရေအတွက်နည်းနေတဲ့အချိန်မှာ ထိရောက်နိုင်ပါတယ်။ ဇီဝထိန်းချုပ်ပိုးမွှားတွေဖြစ်ကြတဲ့ နဂျီအချို့၊ နှံကောင်တွေနဲ့ ပင့်ကူတွေဟာ စပါးနှံစုပ်ပိုးရဲ့ အရွယ်ရောက်ကောင်တွေနဲ့ဥတွေကို စားကြပါတယ်။ ပိုးသတ်ဆေးကို မဆင်မခြင်သုံးစွဲရင် ဒီဖျက်ပိုး အများကြီး ဖြစ်လာတတ်ပါတယ်။ အပြည့်အစုံကို ဆရာကြီး ဒေါက်တာကိုကိုရေးသားထားတဲ့ စပါးနှံစုပ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ ဒီဆောင်းပါးမှာဆက်လက်လေ့လာကြည့်ပါရှင့်။ ဓာတုဆေးအသုံးပြုသင့်တဲ့အချိန် စတဲ့အကြောင်းအရာတွေလည်းပါပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့ရေ စပါးနှံစုပ်ပိုးအတွက် ဘာ ai ပါတဲ့ဆေးသုံးရမလဲဗျ ဖျန်းရမဲ့အချိန်စပါးကာလလေးပါ ပြောပြပေးပါအုံး
ဖြေကြားချက် 2 ခု
စပါး နှံစုပ်ပိုးကျတာ ဘယ်လိုဆေးဖျန်းရမလဲ ဘယ်အချိန်မှာဖျန်းသင့်လဲ သိချင်ပါတယ်ဗျာ
ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲ ဘယ်နှစ်ကြိမ်ဖျန်းရမလဲ ခင်ဗျာ
ဖြေကြားချက် 2 ခု
နှံစုပ်ပိုးကျတာဘာဆေးဖျန်းရမလဲ အနှံမထွက်ခင် ကြိုဖျန်းလို့ရလား
ဖြေကြားချက် 4 ခု
ပုံထဲကပိုးကစပါးအတွက်ဘာဖြစ်နိုင်လဲ
ဖြေကြားချက် 7 ခု