အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
်နန်းခင်မြတ်နွယ်
လွန်ခဲ့သော ၅ နှစ် က · တောင်ကြီး

ရေကြိုက်ပါသလားရှင့်

စိုက်ပျိုးနည်း ထောပတ်သီး

ဖြေကြားချက် ၂ ခု

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

ထောပတ်သီး အကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်း ဒီဆောင်းပါးကနေကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ခြောက်သွေ့သော ရာသီဥတုတွင်သာ လိုအပ်သည်။ ရေဝပ်ခြင်းကို ကြိုက်နှစ်သက်သော အပင် မဟုတ်ပါ။ ရေသွင်းရန် လိုမလိုကို အပင်ခြေတွင် ၃ လက်မအနက် ကျင်းပတ်လည် တူးပါ။ ရေဖြည့်ပါ။ ရေစိမ့်သွားပြီးနောက် မြောင်းထဲမှမြေကို ဆုပ်ကိုင် ကြည့်ပါ။ မြေလုံးမပြတ်လျှင် ရေသွင်းရန် မလိုပါ။ မြေလုံးကွဲ၍ မြေဖွာနေလျှင် သွင်းရန် လိုအပ်သည်။ ထောပတ်သည် ဆားငံဓာတ်ကို အတော်အသင့် ခံနိုင်ရည်ရှိပါသော်လည်း အရွက်ထိပ်များလောင်ခြင်း ဖြစ်ပေါ်လာလျှင် ဆားဓာတ် လွန်ကဲသည့် လက္ခဏာ ပြသည်။ ရေသွင်းမြောင်း ခပ်နက်နက် တူးခြင်းက ဆားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေသည်။

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

အပင်အသက်ဘယ်လောက်ရှိပါပြီလဲ။ စိုက်ပြီးပြီးမှာတော့ ရေမပြတ်လောင်းပေးရပါတယ်။ အပင်ကြီးရင်တော့အဲ့လောက်မလိုတော့ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။