အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,349
လွန်ခဲ့သော ၅ နှစ် က · ကန့်ဘလူ

ကျနော်ကွမ်းပင်တွေမှာ ပင်​ခြေပုပ်ဖြစ်နေလို့ပါဗျာ ဘာဆေးသုံးရမှာလဲဗျ

ပိုးမွှားရောဂါ ကွမ်း ကွမ်းပင်ခြေပုပ်ရောဂါ
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါကျရောက်၍ ပျက်စီးသွားသော ကွမ်းခြံမှ ပင်ကြွင်းပင်ကျန်များ အမြစ်များကို စုပုံ၍ မီးရှို့ဖျက်စီးပစ်ပါ။ ပာကျသည်အထိ မီးရှို့ရမည်။ ၂။ ရောဂါကျ ကွမ်းခြံစိုက်ကွင်းမြေပြင်တစ်ခုလုံးကိုကောက်ရိုး၊ မြက်ခြောက်များ ဖုံးအုပ်၍ မီးရှို့ဖျက်စီးပစ်ပါ။ ၃။ ရောဂါကျ ဖျက်စီးခံရသောမြေကွက်တွင် နောက်ထပ်ကွမ်းမစိုက်ဘဲ မြေလှပ်ထားရမည်။ သို့မဟုတ် အခြား သီးနှံစိုက်ပျိုးရမည်။ ၄။ ကွမ်းစိုက်ခြင်း အသစ်ပြုလုပ်မည်ဆိုပါကဘော်ဒိုဆေးရည် (၅း၅း၅၀) ဆေးရည်ကို (၁၀x၁၀) ပေ တစ်ကွက်လျှင်ဆေးရည်(၁၀) ဂါလန်နှုန်း ပက်ဖျန်းလောင်းပေး၍မြေကို နှပ်ထားပါ။ ၅။ စိုက်ပျိုးမည့် ကွမ်းမျိုးညွန့်များကိုရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် (၂း၂း၅၀) ဘော်ဒိုဆေးရည်တွင် (၂) မိနစ်ခန့် စိမ်ပြီးမှ စိုက်ပျိုးပါ။ ၆။ စျေးကွက်တွင် ရနိုင်သော မန်ကိုဇက် (Mancozeb) ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။ ၇။ ဘော်ဒိုဆေးရည် (၂း၂း၅၀) ကိုကွမ်းပင်များ စိုက်ပျိုးပြီး အပင်လှန်သည့်အချိန်(၁၅) ရက်ကြာတွင် တစ်ကြိမ်၊ မိုးရာသီ မဝင်မီ တစ်ကြိမ်၊ ဇွန်လမှ စ၍ တစ်လ တစ်ကြိမ်နှုန်းဖြင့် စက်တင်ဘာလအထိ ပက်ဖျန်းပေးပါ။ ၈။ ကွမ်းခြံအတွင်း ရေမဝပ်စေရန် ဂရုစိုက်ပါ။ ၉။ မိုးရာသီတွင် ကွမ်းခြံအတွင်း လေဝင်လေထွက်ကောင်းရန် စီစဉ်ဆောင်ရွက်ပေးပါ။ ၁၀။ ယူရီးယား ဓာတ်မြေဩဇာကျွေးခြင်းကိုလျော့ချ ကန့်သတ်ပါ။ ၁၁။ ဘေးသားတက်များ ပင်ခြေသို့ အုပ်မနေစေရန်အပေါ်သို့ထောင်၍ စည်းချည်ပေးပါ။ ၁၂။ ကွမ်းပင်မှအောက်ခြေ အရွက်များ ရှင်းလင်းခူးပစ်ပါ။ ၁၃။ နေ့စဉ် စစ်ဆေးပြီးရောဂါရ အရွက်ကို ခူးယူပြီးနောက် မီးရှို့ဖျက်စီးပစ်ပါ။ ပြီးလျှင်ဆေးဖျန်းပါ။ ကွမ်းပင်တွင် ကျရောက်တတ်သောရောဂါများ ဒီဆောင်းပါးထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။