ဖြေကြားချက် ၁ ခု
ဂျစ်(ပ်)ဆမ်ထည့် ပြီးပြုပြင်ဖို့ အသင့်လျော်ဆုံးမြေကတော့ ဆပ်ပြာပေါက်မြေ (Sodic soil, Na များတဲ့မြေ) ဖြစ်ပါတယ်...Gypsum (CaSO4.H2O) ထည့်လိုက်လို့ ထွက်လာတဲ့ SO42- က မြေဆီလွှာထဲက Na နဲ့ ပေါင်းပြီး အလွယ်တကူ ပျော်ဝင်နိုင်တဲ့ Na2SO4 ဖြစ်စေပါတယ်... ဒီ တော့မှ ဒီ Na2SO4 တွေကို အမြစ်ဇုန်ကလွတ်တဲ့ အနက်အထိ ရေနဲ့ နိုင်နိုင်ဆေးချပေးမှသာလျင် အကျိုးရှိမှာ ဖြစ်ပါတယ်...အကယ်၍ ဒီ Na2SO4 ဆားများက အမြစ်ဇုန်တွင်းမှာသာရှိနေမယ်ဆိုရင် အပင်များ ကို လောင်စေနိုင်ပါတယ်။ ဆားပေါက်တဲ့မြေ (ဆားပျော်ဝင်မှု EC မြင့်တဲ့မြေ) မြေတွေမှာတော့ Gypsum ထည့်တာကို မညွှန်းပါဘူး...ရေချိုနဲ့သာ နိုင်နိုင်ဆေးချဖို့ တိုက်တွန်းပါတယ်...ဘာဖြစ်လို့လဲ ဆိုတော့ ရေပျော်ဆားများဟာ ဖလှယ်နိုင်တဲ့ Na မဟုတ်တဲ့ အတွက် Gypsum နဲ့ အထက်မှာ ပြောခဲ့သလို ထိထိရောက်ရောက် ဖလှယ်နိုင်မှာ မဟုတ်လို့ဖြစ်ပါတယ်...Gypsum ကိုမြေသားစေးလွန်းတဲ့ မြေတွေမှာ ထည့်ပေးခြင်းဖြင့် မြေသားတည်ဆောက်ပုံ ပိုမိုကောင်းလာစေနိုင်ပါတယ်...သဲဆန်လွန်းတဲ့ မြေမှာထည့်ရင်တော့ ဖွဲ့စည်းစရာ မြေမှုန့်နည်းတာကြောင့် သိပ်အကျိုးမရှိပါဘူး... မြေရဲ့ pH က ၅.၅ ထက်နိမ့်နေတယ် ဆိုရင် ထုံးထည့်ပေးပြီး pH က ၅.၅ ထက်တော့ မြင့်တယ် ဆပ်ပြာပေါက်နေတယ် (သို့) မြေသားတည်ဆောက်ပုံ ပိုပြီးမွချင်တယ်ဆိုရင်တော့ Gypsum ထည့်ပေးပါ။
ဆက်စပ်မေးခွန်းများ
တီကျစ်စာထုတ်လုပ်ပုံအကြောင်းသိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 4 ခု
တောင်ပေါဒေသတွေမှာ ဝဥ စိုက်ကြတာများလာတယ် မြေပြန့်ဒေသမှာရောစီးပွားဖြစ် စိုက်လို့ အဆင်ပြေနိုင်လားဗျ
ဖြေကြားချက် 1 ခု
ဝဥကိုစနစ်တကျစိုက်ပျိုးနည်းလေးသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ရှာလကာရည်ကဒေသတွင်းဝယ်မရတော့အစားထိုးအဖြစ်ရှောက်ရည်ကိုသုံးလို့အဆင်ပြေပါလားခင်ဗျ အပင်တွက်ဘေးဖြစ်စေနိုင်လားခင်ဗျ...
ဖြေကြားချက် 4 ခု
ဝဥ အခြောက်လှန်းနည်း အမှုန့်ပြုလုပ်နည်း၊ ဝဥခေါက်ဆွဲ၊ ဝဥဆန် ပြလုပ်နည်းများသိပါရစေဗျ
ဖြေကြားချက် 2 ခု