အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ညိုမင်းသန့်
လွန်ခဲ့သော ၅ နှစ် က · ကန့်ဘလူ

ပုလဲနင့်လက်ချားအပြင်ပိုတက်ပါထည့်ပြီးဖြန်းလို့ရပါသလားဗျ ရရင် ဆေးအချိုးဘယ်လိုထည့်ပေးရမလဲဗျ

အပင်အာဟာရ မြေပဲ(ကွင်းသီးနှံ)

ဖြေကြားချက် ၄ ခု

ညိုမင်းသန့်
ညိုမင်းသန့် 1,167 လွန်ခဲ့သော ၅ နှစ် က

ဒါဆိုအကိုရေ အမိုနီယံနိုက်ထရိတ်နဲ့လက်ချားဆိုရင်ရလားအကို ပဲသီးနှံ

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,599 လွန်ခဲ့သော ၅ နှစ် က

အမိုနီယံဆာလဖိတ်တော့ ပိုတက် လက်ချားကတော့မရပါနော် ဖြစ်နိုင်ရင် လက်ချား သီးသန့် သို့မဟုတ် ပုလဲနဲ့ဖျော်တဲ့နည်းကိုပါသုံးပေးပါဗျ၊ ဒီပစ္စည်း ၂ ခု ( လက်ချား + ပုလဲ) က ရေဆင်းစိုက်သုက စမ်းသပ် ပြီးသားဖြစ်ပါတယ်၊ ကျန်တဲ့ ဈေးကွက်ထဲက မြေဆီတွေက ရောနှောပြီး အရွက်ဖျန်းရန် မသင့်တော်ပါ၊ နို့မို့ဆိုရင် ချဉ်ငန်မှု pH မညီတာတွေ နဲ့ ဓာတ်မတည့်မှုတာတွေ နဲ့ အပင်တွေလောင်နိုင်ပါတယ်ခင်ဗျ၊

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,599 လွန်ခဲ့သော ၅ နှစ် က

ဘယ်အပင်မှာလဲခင်ဗျ ပဲတီစိမ်းမှာဆိုရင် ပုလဲ နဲ့ လက်ချားက ရေပျော်လွယ်လို့ ဖျော်ဖျန်းနိုင်ပါတယ် ပိုတက်ကတော့ ရေမှာ ပျော်ပေမယ့် ပုလဲနဲ့လက်ချားလောင့် ပျော်ဝင်နှုန်းမကောင်းတာရယ်၊ ပိုတက် ရေဖျော်ရေကို အရွက်ကစားတာထက် အမြစ်ကို ရေဖျော်ပြီး အစက်ချစနစ်သို့မဟုတ် သွင်းရေနဲ့တဆင့် ပေးတာပိုကောင်းပါတယ်၊

ညိုမင်းသန့်
ညိုမင်းသန့် 1,167 လွန်ခဲ့သော ၅ နှစ် က

အမိုနီယံဆာလဖိတ်အဆီနဲ့လက်ချား ပိုတက် ရောစပ်ရင် ပဲသီးနှံအကုန်းဖြန်းလို့ရပါသလား ဆေးအချိုးဘယ်လိုထည့်ရမလဲသိချင်ပါတယ်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။