အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
aung
aung 2,038
လွန်ခဲ့သော ၄ နှစ် က · မှော်ဘီ

ဘူးညွှန့်စင်တင်ပီးစိုက်တာပါပထမေခါ်င်ညွှန့်ဖြတ်ထားပါတယ်ေနာက်ထပ်သားတပ်အညွှန့်ေတွလည်းဖြတ်ေပးသင့်လားဗျ

စိုက်ပျိုး ဗဟုသုတ ဘူး

ဖြေကြားချက် ၁ ခု

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၄ နှစ် က

ပထမတစ်ခေါက်ဖြတ်ထားတာကောင်းပါတယ်ရှင့်။ ဘူးညွှန့်ခေါင်နှိမ်တာနဲ့ပတ်သတ်ပြီး ဘူးအကြောင်းသိကောင်းစရာနှင့် စိုက်ပျိုးနည်း ဒီဆောင်းပါးထဲက အကြောင်းအရာတစ်ချို့ကို ကောက်နုတ်ဖော်ပြချင်ပါတယ်။ အပင်ကို ကိုင်းဖြတ်ခြင်း၊ ခေါင်နှိမ်ခြင်းနှင့် လိုရာပုံသွင်းခြင်း အပင်ကို ကိုင်းဖြတ်ခြင်း ဆိုသည်မှာ များပြားလှသော အတက်များမှ ထွက်လာသော ကိုင်းများကို လိုအပ်သလောက်သာ ထားခြင်းဖြစ်ပြီး လိုရာပုံသွင်းခြင်းဆိုသည်မှာ အပင်များကို မိမိလိုအပ်သည့်၊ ဖြစ်စေချင်သည့် ပုံစံ၊ နေရာ၊ အမြင့်သို့ရောက်စေရန် ဖြစ်သင့်သည့် အကိုင်းဖြတ်ခြင်း၊ ခြွေသင့်သည့် အဖူးကို ခြွေခြင်းကို ဆိုလိုသည်။ အပင်၏ နွယ်နှာမောင်းများကို အပင် တွယ်တက်ရန် ဝါးတန်းများဖြင့် တန်းသွယ်ပေးပါက အပင်၏ အမြစ်ကို နေရောင်နှင့် ထိတွေ့မှု များအောင် ပြုလုပ်ပေးနိုင်သည်။ အပင်၏ ဘေးဖူးများကို နွယ်ကိုင်း တကိုင်းတွင် လေးဖူးမှ ငါးဖူးသာ ထားရှိသင့်သည်။ အပင်၏ ထိပ်ဖူးများကို နွယ်ကိုင်းများ မြင့်မြင့် မရောက်ခင် အချိန်ထိ ခေါင်နှိမ် ထားသင့်သည်။ လိုချင်သော အမြင့်ကိုရောက်မှ သာလျှင် ဘေးဖူးများကို ထိပ်ဖူး အနေဖြင့် ထားသင့်ပါသည်။ အပင်ခြေ၌ ရှိသော အရွက်ဝါများကို ဖယ်ထုတ်ပစ်သင့်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။